This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

English for beginners

English for beginners

Monday, September 30, 2013

ဆရာကြီး ဦးမြကြိုင်နှင့် အင်တာဗျူး



မေး - ဆရာကြီး ဦးမြကြိုင်ခင်ဗျာ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ဆရာ့ကို သင်ကြား လမ်းညွှန် ပေးခဲ့ ကြတဲ့ ဆရာ၊ ဆရာမ ကြီးများ အမည်ကို သိပါရစေ။

ဖြေ - ဆရာ့ဘ၀ တစ်လျှောက်မှာ ဆရာတွေကတော့ အများကြီးပဲပေါ့။ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ဆရာ့ကို လူလား မြောက်အောင်၊ လောက်လောက် လားလား ဖြစ်အောင် လုပ်ပေးခဲ့တဲ့ ဆရာတွေ ကတော့ လေးယောက်ပေါ့။ ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ စာရေးဆရာ ထင်လင်း (ဦးသိန်းမောင်)၊ နောက် အိန္ဒိယက ဆရာ Mr. Das တို့ ဖြစ်ပါတယ်။
မေး - အင်္ဂလိပ်စာကို ဆရာ စတင် လေ့လာခဲ့ချိန်တုန်းက ဆရာ လေ့လာခဲ့ရတဲ့ အခြေအနေ၊ အချိန်ကာလ တွေ့ကြုံခဲ့ ရတဲ့ အခက်အခဲတွေကို ပြောပြပေးပါ ခင်ဗျာ။

ဖြေ - ဆရာတို့ အင်္ဂလိပ်စာကို စတင်လေ့လာတဲ့ အချိန်က တို့တိုင်းပြည်မှာ အင်္ဂလိပ်စာကို စိတ်မ၀င်စားဘူး။ အင်္ဂလိပ်လိုပြောရင် လူရယ်စရာဖြစ်တယ်။ အဲဒီလိုလူမျိုးကို မျိုးချစ်စိတ် မရှိဘူးလို့လည်း ထင်တယ်။ အဲဒီလိုမျိုး ဆရာတို့ ရင်ဆိုင်ခဲ့ ရတယ်။ ဒါပေမယ့် ဆရာက အင်္ဂလိပ်စာ အရမ်း တတ်ချင်တယ်။ အင်္ဂလိပ်ဝတ္ထုတွေ အရမ်းဖတ်ချင်တယ်၊ ကမ္ဘာ့ဗဟုသုတတွေ လေ့လာချင်တယ်၊ အဲဒါကြောင့် အင်္ဂလိပ်စာကို ဆရာ သင်ခဲ့တာပါ။ ဆရာလည်း အလှောင်ခံရပါတယ်။ အလှောင်ခံရ ပေမယ့် ဘာမှတော့ မဖြစ်ပါဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တဲ့အတွက် ဘယ်သူနဲ့မှလည်း ရန်မဖြစ်ပါဘူး။ နောက်တစ်ခု အခက်အခဲက အဲဒီ အချိန်တုန်းက အင်္ဂလိပ်စာ ဖတ်ချင်ပေမယ့် ဖတ်ချင်တိုင်း ဖတ်လို့မရဘူး။ အဲဒီတော့ ဆရာပေးတဲ့ စာအုပ်လောက်ပဲ ဖတ်ရတယ်ပေါ့။ တစ်ခြားဟာတော့ လိုက်ရှာလို့ မလွယ်တဲ့ အခြေအနေ ဖြစ်တယ်။ အဲဒီ အခက်အခဲတွေ ရှိခဲ့ပါတယ်။

မေး - အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး ဆရာ့ ဆရာကြီးများရဲ့ ဆုံးမသြ၀ါဒများကို သိပါရစေခင်ဗျာ။

ဖြေ - ဒီမေးခွန်းနဲ့ ပတ်သက်လို့ ပြောရရင် ဆုံးမသြ၀ါဒတွေက အများကြီးပေါ့။ ဒါပေမယ့် ဆရာ့ဘ၀ ပြောင်းလဲ လာတာကတော့ ဆရာကြီး ဦးခင်မောင်လတ်နဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ ရေးတဲ့ `အင်္ဂလိပ်စာ တတ်လိုသော်´ နှင့် `စာအုပ်စင်ကျေးဇူး´ ဆိုတဲ့ စာအုပ်တွေပဲ။ အဲဒီ စာအုပ်တွေထဲမှာ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေ အများကြီးပါတယ်။ ဆရာတွေရဲ့ အကြံပေးချက်တွေ ပြောရရင်တော့ စာအုပ်တစ်အုပ်လုံးပဲ ဖြစ်သွားတော့ မှာပေါ့။ ခြုံငုံပြောရရင်တော့ အင်္ဂလိပ်စာတတ်ချင်ရင် တစ်ဖတ်တည်းဖတ်၊ တစ်မှတ်တည်းမှတ်။ ဖတ်နေရမယ်၊ မှတ်နေရမယ်။ ကိုယ့်ထက် တတ်တဲ့သူနဲ့ တွေ့ရင် မေးမြန်းစုံစမ်းပေါ့။ ဆရာကြီးကတော့ ဒီလိုပဲညွှန်းတယ်။

မေး - ဆရာစာသင်တဲ့ အခါမှာ ဆရာကိုယ်တိုင် တီထွင်ထားတဲ့ Condensed Composition ဇယား ကဒ်ပြားလေးကို အရင်ဆုံး သင်ကြားလေ့ ရှိတယ်ဆိုတာ သိရပါတယ်။ ဒီဇယားကဒ်ပြားလေးကို ကျွမ်းကျင်သွားရင် အင်္ဂလိပ်စာကို အတိုင်းအတာ တစ်ခုအထိ တတ်မြောက် သွားကြတယ်လို့ ကြားသိရပါတယ် ဆရာ၊ ဒီဇယားကဒ်လေးရဲ့ အသုံးဝင်ပုံနဲ့ ဆရာဘယ်လို ကြိုးစား တီထွင် ခဲ့ရတယ်ဆိုတာ ရှင်းပြ ပေးပါဆရာ။

ဖြေ - ဖြစ်ပုံက ဒီလိုဗျ။ ဆရာတို့ ဆရာကြီး ဦးသိန်းမောင်က Grammar သင်တယ်။ ခြောက်လဆိုရင် Grammar တစ်ပတ်ပြီးတယ်။ ဆရာ Grammar နဲ့ ပတ်သက်ပြီး လေးနှစ်လောက် ဆရာကြီးဆီမှာ သင်တယ်။ ဆရာလဲ ကြိုးစားပြီး လုပ်တယ်။ ဒါပေမယ့် မပေါက်လာဘူး။ စာဖတ်တယ်၊ နောက် Grammar နဲ့ စာလည်း မတွဲမိသေးဘူး။ အဲဒီလို ဆရာ့မှာ ကြုံရတယ် ပေါ့ဗျာ။ ဒီလိုနဲ့ ဆရာတို့ ဖြတ်သန်းလာပြီး ကိုးဆယ့်နှစ်ခုနှစ် အိန္ဒိယကနေ မြန်မာပြည်ကို ပြန်ရောက်လာတော့ ကျောင်းသားတွေကို စာစသင်သင်ခြင်း ကတော့ Grammar သင်တာပါပဲ။ Grammar သင်တော့ အဲဒီတုန်းက A.J Thomsam နဲ့ Martinet တို့ရဲ့ Pocket Grammar စာအုပ်လေးကို အခြေခံပြီးတော့ အင်္ဂလိပ်စာ သင်တယ်။ ကျောင်းသား လေးငါးရှစ်ယောက်လောက် ရပါတယ်။ ပြီးတော့ ထွက်ပြေး ကုန်ကြတာပဲ။ တစ်ယောက်ပဲ ကျန်တယ်။ ဒီ Grammar Method က မဖြစ်နိုင်ဘူးဆိုတာ ဆရာ သွားတွေ့ ရတယ်။ အဲဒီတော့ ဒီထက်ပိုပြီး ကျစ်လျစ်တဲ့ တစ်ထိုင်တည်း အပြီးသိနိုင်တဲ့ဟာမျိုး ရှိမှဖြစ်မယ်။ Grammar ကို တောက်လျှောက် သင်ရိုးကုန်အောင်သင်ရင် ဘယ်သူမှ တတ်မှာမဟုတ်ဘူးဆိုတာ သွားတွေ့ရတယ်။ ဒါဆိုရင် ဘယ်လို လုပ်ရင် ကောင်းမလဲလို့ စဉ်းစားပြီးတော့ စာအုပ်တွေ လိုက်ဖတ်ရတယ် ပေါ့လေ။ လေး၊ ငါး၊ ဆယ်အုပ်မကတဲ့ စာအုပ်တွေ တော်တော်များများ လိုက်ဖတ်ရတယ် ပေါ့လေ။ စာဖတ်ပြီး နောက် သွားပြီးမြင်တာ၊ သွားပြီးတွေ့တာက Grammar အတိုင်း သင်လို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျောင်းသားတွေကို Composition ကို သင်ရမှာပေါ့လေ။ Grammar က အဓိကမဟုတ်ဘူး။ စာကြောင်းတစ်ကြောင်း ဘယ်လို တည်ဆောက်သလဲ ဆိုတာ သိချင်တယ်။ ဆရာသင်ခဲ့ ရတဲ့ စာအုပ်တွေကို ပြန်လေ့လာတယ်။ Grammar သင်ရိုးကိုတော့ ဆရာကြီးက အတိအကျ သင်တာကိုးဗျ။ အဲဒီတော့ ဆရာကြီးဆီကပဲ Sentence ငါးမျိုးကို ပြန်တွေ့ ပြီးတော့ Phrase တွေ Clause တွေ ဆရာကြီးက သင်ပေးတယ်။ အဲဒီ စာအုပ်လေးကို ပြန်လေ့လာတယ် ပေါ့ဗျာ။ ဆရာကြီး ထုတ်ထားတဲ့ Aid to English ဆိုတဲ့ စာအုပ်ကို လေ့လာရင်းနဲ့ အဆက်အစပ် လေးတွေ ပြန်ရလာတယ်။ သူချည်းပဲတော့ မရဘူး။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ကလေးတွေ ရှိမယ်လို့ ဆရာမြင်လာတယ်။ ကိုယ်ကလည်း Grammar စာအုပ်တွေဖတ် စဉ်းစားတယ်။ စဉ်းစားနေတဲ့ အချိန်တွေမှာ အိပ်လို့ကောင်းကောင်း မပျော်ဘူး။ ညတစ်ရေးနိုးကျ Idea ပေါ် ထရေး၊ idea တစ်ခုထပ်ပေါ် ထရေး၊ idea တစ်ခုထပ်ပေါ် ထရေး၊ အဲဒီလိုနဲ့ပဲ အခြေခံအားဖြင့် စာအုပ်ပါးလေး တစ်အုပ် ဖြစ်လာတယ်။ အဲဒီ စာအုပ်လေးမှာပဲ အခြေခံ sentence ငါးမျိုး၊ phrase တွေ၊ clause တွေ၊ ed/en တွေ၊ to + V1, it စသည်ဖြင့် ပေါ့လေ သိလာတယ်။ Composition မှာ ပါနေတဲ့ အချက်အလက်တွေ နောက် ထပ်ကာထပ်ကာ သွားတွေ့လာတော့ ဒါလေးတွေက အဓိက key အချက်တွေပဲလို့ သိလာတယ်။ သိလာတော့ စာအုပ်ပြုစုလိုက်တယ်။ ကျောင်းမှာ ဒီစာအုပ်ချည်းပဲ သင်ရင်တောင် တော်တော်လေးအချိန်ယူရတယ်။ သုံးလေးရက်လောက် အချိန်ယူ သင်ရတယ်။ ဒါနဲ့ မဖြစ်သေးဘူး။ ဒီထက်ပိုကျုံ့အောင် လုပ်ဦးမယ်ပေါ့။ အဲဒီအထဲကနေ ထုတ်နုတ်ပြီးတော့ နောက်ဆုံး(၇)ချက်ပဲ ထွက်လာတယ်။ (၇)ချက်ပဲ ဖြစ်ပေမယ့် အဲဒါကို ဖြစ်လာဖို့(၃)နှစ်လောက် အချိန်ယူခဲ့ရတယ်။ အဲဒီ ဇယားကွက်လေးရလာတယ်။ Condense of Composition ဟာ ဘယ်စာအုပ်ဖတ်ဖတ် ဒီခုနှစ်ချက်ပဲ သွားတွေ့တယ်။ ဒါတွေဟာ မပါမဖြစ်ဆိုတာ သွားတွေ့တယ်။ အမှန်မှန်တော့ ဆရာမသိတဲ့အချက်တွေပါပဲ။ ဆရာမသိသေးတဲ့ ဆရာသိအောင် လုပ်လိုက်တယ်။ ပြီးတော့ ကျောင်းသားတွေကို သင်ပေးတယ်။ အဲဒီ အခါကျတော့ ကျောင်းသားတွေကို ဒီဇယားကွက်လေးကို သိသိချင်း စာဖတ်လို့ရပါတယ်။ "Reading is root of the all development" လို့ဆိုတဲ့အတိုင်း စာဖတ်လို့ရမှတော့ volcabulary တွေရပြီပေါ့။ အဲဒီတော့ စကားပြောချင်လား၊ writing လုပ်ချင်လား၊ အကုန်ရတယ်။ ဒီဇယားကွက်လေးက အဓိကအကျဆုံးပဲ၊ ဆရာက တစ်ထိုင်တည်း နားလည်နိုင်အောင် လုပ်လိုက်တာပေါ့။

မေး - Language တစ်ခုကို လေ့လာတဲ့ နေရာမှာ Speaking Skill, Listening Skill, Reading Skill နဲ့ Writing Skill ဆိုပြီး (၄)ခု ရှိပါတယ်။ ဒီ Skill (၄)ခုလုံး ရအောင် ကျောင်းသားတွေကို ဘယ်လို "Teaching Method" မျိုးနဲ့ သင်ကြားတယ် ဆိုတာ သိပါရစေ။

ဖြေ - Four Skills ရအောင် ဘယ်လို Teaching Method မျိုးနဲ့ သင်ရမလဲ ဆိုတော့ ကမ္ဘာပေါ်မှာ လက်ရှိ အသုံးပြုနေတဲ့ Teaching Method က (၈)မျိုးလောက် ရှိပါတယ်။ အဲဒီအထဲမှာ Literature ကိုခံစားဖို့က Grammar Translation Method လို့ ခေါ်တယ်။ အဲဒါက Language နဲ့ သိပ်မဆိုင်ဘူး။ Literature နဲ့ အများအားဖြင့် ဆိုင်တယ်။ ကျန်တဲ့ ဟာတွေကတော့ Four Skills ရအောင် ဆရာ Direct Method ကို သုံးတယ်။
Direct Method နဲ့ Audio-lingual Method ဆိုတာ အချိတ်အဆက် ရှိပါတယ်။ နောက်တစ်ခါ Communicative Language သင်တယ်။ အဲဒီ Teaching Method တွေ အားလုံး ပေါင်းစပ်ပြီး စာသင်တဲ့အခါ သုံးရတယ်။ တိုက်ပွဲ တစ်ပွဲကို တိုက်သလိုပေါ့။ စစ်တိုက်နည်းကတော့ စာအုပ်ထဲမှာ တစ်ခုပြီး တစ်ခု ပြထားတာပဲ။ ဒါပေမယ့် လက်တွေ့ စစ်တိုက်တော့ ဒီတစ်ခုတည်းနဲ့ မရဘူး။ ဆရာတို့ လိုအပ်ရင် လိုအပ်သလို ပေါင်းစပ် သင်ရတယ်။ ဒီနေရာမှာ ဘာလိုမလဲ။ Total Physical Respond ဆိုရင် စကားလုံး သုံးပုံသုံးနည်းကို ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ Language နဲ့ သင်ပေးမယ်။ Community Language ဆိုရင် Language နဲ့ အသိုင်းအ၀ိုင်းလေး တစ်ခုဖြစ်အောင် ဖန်တီးပေး ရတာပေါ့။ Suggestopedia ဆိုတာ ကျောင်းသား သက်သောင့် သက်သာလေး နေရအောင် သီချင်းလေးတွေ ဘာလေးတွေနဲ့ သင်ရတယ်။ Silent way က ဆရာက အမူအရာလေးနဲ့ လုပ်ပြရင် ကျောင်းသားတွေက လိုက်ပြောတာမျိုး။ Audio-lingual ဆိုတာ ကျောင်းသားနဲ့ ဆရာ တိုက်ရိုက် အပြန်အလှန် ပြောလိုက် ဆိုလိုက်၊ ကျောင်းသား အချင်းချင်း ပြောလိုက် လုပ်ရတယ်။ Teaching Method က အများကြီးပဲ။ လိုအပ်ရင် လိုအပ်သလို ပေါင်းစပ် သင်ရတယ်။ ဘယ်ဟာလဲဆိုတာ ဆရာ အတိအကျ မပြောဘူး။ ဒါဟာ 'intuition' ပင်ကိုယ် အတွေ့အကြုံ အသိနဲ့လည်း ဆိုင်တယ်။

မေး - စာဖတ်ရာမှာ Reading Skill နားလည်စေဖို့နဲ့ တိုးတက်ဖို့အတွက် ဘယ်လို စာအုပ်မျိုးတွေ ဖတ်သင့်ပါသလဲ ဆရာ။ ဆရာ့ ကျောင်းမှာရော ဘယ်လို စာအုပ်မျိုးတွေကို ပြဌာန်း ထားပါသလဲ။

ဖြေ - Reading Skill နဲ့ ပတ်သက်လို့ကတော့ ဆရာ့ရဲ့ ဆရာကြီး ပြောသလိုပဲ ကိုယ်ကြိုက်တာ ကိုယ်ဖတ်ပေါ့။ လွယ်တာ၊ ကိုယ့်အတွက် နိုင်တာလေး စဖတ်ပေါ့။ ကျောင်းမှာ ဆရာနဲ့ ဖတ်တာတော့ ပြဿနာမရှိဘူး။ ဆရာနဲ့ ဖတ်ရင် ဆရာက ရှင်းပြတာကိုး။ ကိုယ့်ဘာသာ ကိုယ်ဖတ်တာတော့ တစ်ပိုင်းပေါ့။ လက်ရှိ ဆရာတို့ ကျောင်းမှာတော့ Junior Reading နဲ့ Senior Reading နှစ်တန်းခွဲ ထားတာကိုး။ Junior Reading လွယ်တဲ့ ထဲက Ladder Series လေးတွေ၊ Guided Reading လေးတွေ ဆရာက စီစဉ်ထားတဲ့ Level အလိုက် စာအုပ်လေးတွေ Level 1,2,3,4 အဲဒီလို ရှိတာပေါ့။ အဲဒီအထဲက သင့်တော်ရာလေးတွေ ရွေးသင်တယ်။ Senior Reading နဲ့ပတ်သက်လို့ကတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ် စာအုပ်တွေ အကုန် ပြဌာန်းပါတယ်။ တတ်ကျမ်းတွေ ဖြစ်တဲ့ Nepoleon Hill တို့ Dale Carnige တို့ရေးသွားတဲ့ စာအုပ်တွေ အဲဒါမျိုးတွေ ပြဌာန်းတယ်။ အဲဒါတွေက ကျောင်းသားတွေနဲ့ တိုက်ရိုက် သက်ဆိုင်တယ်။ English စာလည်းရမယ်။ သူတို့ဘ၀အတွက် တိုက်ရိုက်အသုံးကျတဲ့ အချက်အလက် တွေမို့လို့ အဲဒီစာအုပ်တွေ ဆရာ ပြဌာန်းခြင်း ဖြစ်ပါတယ်။

မေး - Writing Skill တိုးတက်ဖို့အတွက် ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာ ညွှန်ပြပေးပါဆရာ။

ဖြေ - Writing Skill တိုးတက်ဖို့ဆိုတာက သူတို့ရဲ့ Language Theory ကိုက "Writing based on Speaking" ဖြစ်တယ်။ Speaking ကို အရင် နားလည်အောင် သင်ရတယ်။ သင်ပြီးမှ ပြောတဲ့စကားကို ထပ်ရေးခိုင်းတာ၊ ရေးခိုင်းတာကနေ စသင်ရတယ်။ အဲဒါမှ မြန်မြန် ရေးတတ်တယ်။ အဆင့်မြင့်မြင့် ရေးသွားတာ ဟိုဘက်ပိုင်းမှာ flowery ဖြစ်အောင်၊ idiom တွေနဲ့ အလှအပရေးတာ၊ ဒါ literature ပိုင်း၊ ဆရာပြောတဲ့ Language ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံဖို့အတွက် ရေးရတော့ Speaking တတ်မှ ရေးလို့ရတယ်ပေါ့။ အဆင့်မြင့် Composition တွေ လုပ်တော့မယ် ဆိုရင် စာအုပ်တွေ အများကြီးဖတ်ရတော့မယ်။ ကိုယ်တိုင်လည်း စာရေးဆရာ တစ်ယောက်ရဲ့ ဟန်လေး၊ စတိုင်လေး နဲနဲယူမယ်ပေါ့။ ထုံးစံအတိုင်းတော့ ဆရာကြီးမင်းသုဝဏ် ပြောသလိုပေါ့။ `စု၊ တု၊ ပြု´ ပေါ့။ ပထမတော့ စာအုပ်တွေ အများကြီးဖတ်ရမယ်။ နောက်ကိုယ်တိုင် တုရတာပေါ့။ တုပြီးမှ ကိုယ်တိုင် ပြုစုရတာပေါ့။ အဲဒီလိုနဲ့ Writing Skill ကို တိုးတက်အောင် လုပ်ရပါတယ်။

မေး - အင်္ဂလိပ်စာကို လေ့လာနေတဲ့ ကျောင်းသားအများစုဟာ စာလုံးတစ်လုံးကို မြန်မာလို တစ်မျိုးတည်း မှတ်ထား တတ်ကြပါတယ်။ အင်္ဂလိပ်စာကို လေ့လာနေသူတွေ အနေနဲ့ English Myanmar အဘိဓါန်ကို အသုံးပြုသင့် ပါသလား။ English-to-English အဘိဓါန်ကိုပဲ အသုံးပြုသင့် ပါသလားဆိုတာ ရှင်းပြ ပေးပါဆရာ။

ဖြေ - English စာကိုသင်တဲ့အတွက် English-to-English ပဲကောင်းပါတယ်။ မြန်မာအင်္ဂလိပ်တွဲတာက Bilangual Dictionary လို့ခေါ်တယ်။ အဲ့ဒါတော့ ဘာသာပြန်သမားတွေ သုံးချင်လည်း သုံးပေါ့။ သို့သော် ဆရာတို့က English ဘာသာစကားကို လေ့လာ နေတဲ့အတွက် English-to-English Dictionary ပဲသုံးရမှာ ဖြစ်တယ်။ ဒါမှသာလျှင် စကားလုံး တစ်လုံးနဲ့တစ်လုံး ဆက်စက်မှုကို နားလည်မယ်။ စကားလုံးတွေကို လေ့လာတဲ့အခါ ”Words must be both acquired and mastered not in isolation, but in association" ဆိုတဲ့ စကားရှိတယ်။ စကားလုံး အဓိပ္ပါယ်တစ်မျိုးတည်း ပုံသေကျက်လို့ မရဘူး။ ဥပမာ-Myanmar Dictionary မှာ Book ကို စာအုပ်ပဲ ပေးထားတယ်။ ပြီးသွားပြီ။ စကားလုံးကို Isolation လုပ်လိုက်တာပဲ။ အဲဒီလိုသင်လို့ မရဘူး။ စကားလုံး တစ်ခုနဲ့ တစ်ခု အဆက်အစပ်နဲ့ သွားရမယ်။ အုပ်စုတူ တွဲရမယ်။ အမျိုးတူ တွဲရမယ်။ association နဲ့သွားရမယ်။ ဆရာ့ idea ကတော့ English - to - English ပဲဖတ်စေချင် ပါတယ်။

မေး - English စကားပြောရာမှာ ဟန်ပန်အမူအရာနဲ့ ပြောခြင်း (Gesture) နဲ့ အသံအတက်အကျ (Intonation)ကို ဂရုပြုရမယ်လို့ ဆိုကြပါတယ်။ မြန်မာမျိုးတွေအဖို့ ဒီဟန်ပန် အမူအရာတွေကို လေ့ကျင့်ဖို့ လိုပါသလား။ Myanmar Accent ကိုရော ပျောက်အောင် ကြိုးစားဖို့ လိုပါသလား။

ဖြေ - Gesture ဆိုတာ လူမျိုးတိုင်းမှာ ရှိပါတယ်။ ကိုယ်ပြောတဲ့စကားကို ကိုယ့်ဟန်ပန် အမူအရာနဲ့ ထပ်ပေါင်းစပ် တာဟာ လူတစ်ဖက်သားကို ငါးဆယ်ရာခိုင်နှုန်း နားလည်စေပါတယ်။ စကားတစ်လုံးမှ မပြောပဲ အမူအရာနဲ့တင် တော်တော် နားလည်နေပါပြီ။ Intonation ဆိုတာလည်း ကိုယ့် Feeling အပေါ် မူတည်တာကိုး။ ဒေါသထွက်ရင် ထွက်သလို၊ ၀မ်းနည်းရင် ၀မ်းနည်းသလို၊ လေသံ အနိမ့်အမြင့် လေးတွေ ရှိပါတယ်။ Original Intonation (English Intonation) အစစ်ရဖို့က မလွယ်ပါဘူး။ အတတ်နိုင်ဆုံး ကြိုးစားပေါ့။ နောက် Myanmar Accent ကို ပျောက်အောင် ကြိုးစားဖို့ မလွယ်ပါဘူး။ တရုတ်က အင်္ဂလိပ်လို ပြောလည်း တရုတ် Accent ပါမှာပဲ။ ဂျပန် ပြောလည်း ဂျပန် Accent ပါမှာပဲ။ ဂျာမန်ပြောလည်း ဂျာမန် Accent ပါမှာပဲလေ။ ပျောက်ဖို့ မလွယ်ဘူး။ ပင်ပန်းလွန်း အားကြီးပါတယ်။ မဖြစ်နိုင်တာကို သွားမလုပ်ပါနဲ့။ နောက်တစ်ခု ဆရာဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ အဲဒီလို Accent အမျိုးမျိုးနဲ့ English လိုပြောတာကိုက အပြောင်းအလဲပါတဲ့။ ပိုတောင်ပျော်ဖို့ ကောင်းပါတယ်တဲ့။ ဆရာတို့ မြန်မာစကားကို ရှမ်းတွေက ရှမ်းသံဝဲ၀ဲနဲ့ ပြောမယ်။ ကရင်တွေက ကရင်သံဝဲ၀ဲနဲ့ ပြောမယ်။ မွန်တွေက မွန်သံဝဲ၀ဲနဲ့ ပြောမယ်ဆိုရင် ဘယ်လောက် ပျော်ဖို့ ကောင်းလိုက်မလဲ။ အဲဒီလိုပဲ English စကားကို English အသံ တစ်သံတည်းနဲ့ ပြောမယ်ဆိုရင် ပျင်းစရာကြီးပါတဲ့။

 http://umk-library.blogspot.com/

The best English 1 . The best way to learn English through movies



Wednesday, September 4, 2013

ဆရာဦးမြကြိုင်၏ Condense of Composition





Thursday, August 8, 2013

“အသုံးများတဲ့..စကားအတိုလေးများ”

“အသုံးများတဲ့..စကားအတိုလေးများ” =================== ဒီနေ့လည်း အသုံတည့်နိုင်လောက်တဲ့ အင်္ဂလိပ်စကားအတိုလေးတွေကို .ရွေးကောက် ဖော်ပြလိုက်ပါတယ်။ (1) Me likewise. ငါ....သဘောတူတယ်။ (2) Do tell. သြော်..အဲသလိုလား။ (3) Good on you! ကောင်းလိုက်တာကွာ..ဂုဏ်ယူပါတယ်။ (4) Who goes there? ဟေး..ဘယ်သူလဲ။ (5) Go to the devil! သွားစမ်းပါကွာ။ (6) Some hope! အလားအလာ လုံးဝမရှိဘူး။ (7) I’m easy. ဘာဖြစ်ဖြစ် ရပါတယ်ဗျာ..။ (8) My foot! အလကား...မဖြစ်နိုင်တာ။ (9) You could have fooled me! ယုံဖို့ ခက်သား။ (10) Hold everything! အားလုံး..ခဏစောင့်ကြပါဦး။ (11) That does it! တော်ပါတော့..တန်ပါတော့။ (12) Stand easy! အေးစေ။ (စစ်မိန့်သံ) (13) That’s done it! သွားပါပြီဗျာ..သေလိုက်ပါတော့..။ (14) What a God-awful day! ဒီနေ့..သေချင်စော် နံတာပဲ။ (15) I wanna have a tiger by the tail. ကျားမြှီးသာ ဆွဲလိုက်ချင်တော့တယ်။

လွယ်ကူလေ့လာအင်္ဂလိပ်စာ

Wednesday, June 26, 2013

အင်္ဂလိပ်စာ ဘယ်လိုဖတ်မလဲ? အပိုင်း-၃

အင်္ဂလိပ်စာ ဘယ်လိုဖတ်မလဲ? အပိုင်း-၃ (Scanning)           ယခင်တစ်ပတ် "အင်္ဂလိပ်စာ ဘယ်လိုဖတ်မလဲ အပိုင်း(၂)" တွင် ဖော်ပြခဲ့သည့် Skimming နည်းစနစ်ကဲ့သို့ပင် စာဖတ်ရာတွင် အသုံးဝင်သည့် နည်းစနစ်တစ်မျိုးဖြစ်သည့် Scanning အကြောင်းကို ဆက်လက် ပြောပြသွားပါမည်။ Scanning ဆိုသည်မှာ စာအုပ်တစ်အုပ်၊ စာပုဒ်တစ်ပုဒ်၊ စာပိုဒ်တစ်ပိုဒ် မှ သိလိုသော တိကျသော အကြောင်းအရာတစ်ခုကိုသာ အမြန်ဖတ်ရှုသော စာဖတ်နည်းစနစ် တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် တယ်လီဖုံးလမ်းညွှန်တွင် ဖုံးနံပါတ်တစ်ခုခု ရှာဖွေခြင်း၊ သတင်းစာများတွင် သိလိုသော သတင်း၊ ကြော်ငြာတစ်ခုခု ရှာဖွေခြင်း၊ (သို့မဟုတ်) အင်တာနက်စာမျက်နှာတွင် သိလိုသော အချက်အလက်များ ရှာဖွေခြင်း၊ တီဗွီအစဉ်တွင် သိလိုသော အစီအစဉ်များ ရှာဖွေခြင်း စသည့် အခြေအနေများတွင် Scanning ကိုအသုံးပြုနိုင်သည်။ ထို့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှသည် တက္ကသိုလ်အရည်အချင်းစစ် စာမေးပွဲများ၊ ရာထူးဝင်ခွင့်စာမေးပွဲများ၊ IELTS, TOEFL စာမေးပွဲများအထိ အင်္ဂလိပ်စာ မေးခွန်းတိုင်းတွင် အမြဲပါဝင်လေ့ရှိသည့် Reading Comprehension ဖြေဆိုရာတွင်လည်း အသုံးဝင်သော နည်းစနစ်တစ်ခု ဖြစ်ပါသည်။           ယခင်တစ်ပတ်တွင် တင်ပြခဲ့သော Skimming နည်းစနစ်နှင့် ယခုဆက်လက်တင်ပြသော Scanning နှစ်မျိုးလုံးသည် အမြန်ဖတ်သောနည်းစနစ်များဖြစ်သော်လည်း ပုံစံကွဲပြားပါသည်။ Skimming သည် အကြောင်းအရာတစ်ခုလုံးကို ခြုံငုံနားလည်ရန် အသုံးပြုသော နည်းစနစ်ဖြစ်ပြီး၊ Scanning သည် သိလိုသော၊ သိချင်သော၊ လိုအပ်သော၊ လိုချင်သော အဓိကအချက်အလက်များကိုသာ ရရှိရန် အသုံးပြုသော နည်းစနစ်တစ်ခု ဖြစ်ပါသည်။ တယ်လီဖုံးလမ်းညွှန်စာအုပ်တွင် ဖုံးနံပါတ် တစ်ခုခု ရှာဖွေမည်ဆိုပါစို့၊ စာအုပ်၏ဖွဲ့စည်းပုံကို နားလည်အောင် ဦးစွာကြည့်ပြီး စကားလုံး အက္ခရာစဉ် ဖွဲ့စည်းပုံအလိုက်ရှာဖွေပါ၊ ဥပမာ- UMyaKyaing English Language School ၏ ဖုံးနံပါတ်ကို ရှာဖွေလိုလျှင် မာတိကာတွင် Language School/ English/ ကဏ္ဍတွင် စာမျက်နှာကို မှတ်ပြီး၊ သက်ဆိုင်ရာ စာမျက်နှာတွင် ပထမစကားလုံး U နှင့်သက်ဆိုင်သောနေရာတွင် လိုက်ကြည့်ပါ၊ U Mya Kyaing တွေ့လျှင် မိမိလိုချင်သည့် ဖုံးနံပါတ် ရပါမည်။ တစ်ခါတစ်ရံ စာအုပ်၏ဖွဲ့စည်းပုံအရ Mya Kyaing U ဟုလည်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် စာအုပ်ဖွဲစည်းပုံကို ဦးစွာသိရှိအောင် ကြည့်ရပါမည်။ တက္ကသိုလ် တက်ရောက်မည့် ကျောင်းသားတစ်ယောက်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြောင်းလဲကျင့်သုံးမည့် နည်းပညာဆိုင်ရာ ပညာရေးစနစ်သစ်များတွင် အင်ဂျင်နီယာပညာသင်နှစ် ကို သိချင်သည်ဆိုပါလျှင် ၎င်းသတင်းပါရှိသည့်သတင်းစာ၊ စာစောင်တွင် သတင်းခေါင်းစဉ်ကို လိုက်ရှာမည်၊ ခေါင်းစဉ်တွေ့ပါက ပြောင်းလဲမည့် နည်းစနစ်များတွင် အင်ဂျင်နီယာပညာသင်နှစ် နှင့်ပတ်သက်သော AGTI ဒီပလိုမာသင်တန်း အတွက် ၃ နှစ်၊ အရည်အချင်းပြည့်မီပါက Engineer Orientation Course အတွက် ၁ နှစ်၊ ယင်းသင်တန်းအောင်မြင်ပါက B.E သင်တန်း ၃ နှစ် ဆက်လက်တက်ရောက်သင်ကြားရမည်၊ စသည့် သိလိုသော အချက်အလက်ကိုသာ ဦးတည်ရှာဖွေဖတ်ရှုခြင်းသည်လည်း Scanning ပင်ဖြစ်ပါသည်။ မိမိသိလိုသည်မှာ အင်ဂျင်နီယာပညာသင်နှစ်သာ ဖြစ်သည့်အတွက် ကွန်ပျူတာတက္ကသိုလ်နှင့် ပတ်သက်သည့် အကြောင်းအရာကို ချန်လှပ်ထားခဲ့နိုင်ပါသည်။           Reading Comprehension ဖြေဆိုရာတွင် မည်သို့ Scan လုပ်ရမည်ကို ဆက်လက်ပြောပြပါမည်။ စာမေးပွဲသည် အချိန်အတိုင်းအတာ အကန့်အသတ်ဖြင့် ဖြေဆိုရသောကြောင့် စာပိုဒ်တစ်ခုလုံးကို သေသေချာချာ အသေးစိတ်ဖတ်ရန် အချိန်မရနိုင်ပါ၊ သို့ပါ၍ စာပိုဒ်ကို Scan လုပ်ရန်လိုအပ်သည်။ စတင်မဖြေဆိုမီ ပေးထားသော မေးခွန်းများကို သေသေချာချာ ဦးစွာဖတ်ပါ။ (အများစုသော ကျောင်းသား၊ ကျောင်းသူများသည် စာပိုဒ်ကို အရင်ဖတ်လေ့ရှိကြသည်၊ မိမိတွင် ၎င်းအလေ့အကျင့်ရှိပါက သတိထားပြီး ပြုပြင်သင့်ပါသည်။) မေးခွန်းများဖတ်ပြီးလျှင် ၎င်းမေးခွန်းများတွင် ပါဝင်သည့် အဓိကအချက်အလက်ကို တွေ့အောင်ဖတ်ပါ၊ မေးခွန်းတစ်ခုကိုဖတ်ပြီး တစ်ကြိမ်တည်းမှာ အဖြေကိုရှာပါ။ (ဆိုလိုသည်မှာ မေးခွန်းတစ်ခုဖတ်ပြီး အဖြေတစ်ခါရှာပါ) မေးခွန်းတွင်ပါဝင်သော အဓိကစကားလုံး(သို့) အချက်အလက်ကို စာပိုဒ်တွင်လိုက်ရှာပါ၊ ရှာဖွေရာတွင် မျက်လုံးကို စာကြောင်း၏အလယ်တွင်ထားပြီး ဘယ်၊ညာ ရွေ့ကာရှာပါ၊ မျက်လုံးမရွေ့တတ်လျှင် ဘောပင်၊ခဲတံ(သို့မဟုတ်) လက်ညှိုးထောက်ကာ ရှာနိုင်ပါသည်။ ၎င်းကိုတွေ့လျှင် တဆက်တည်းဆက်စပ်နေသော(သို့) ဆက်စပ်သည်ဟုယူဆရသော စာကြောင်းကိုပါ တပြိုင်တည်း ဂရုတစိုက် သေသေချာချာ ဖတ်ပါ၊ မေးခွန်း၏ အဖြေဟုတ်/မဟုတ် ဆုံးဖြတ်နိုင်ရန် မေးခွန်းကို တစ်ကြိမ်ပြန်ဖတ်ပါ။ စာပိုဒ်တစ်ပိုဒ်လုံး နားလည်အောင် ဖတ်ခြင်း မဟုတ်သည့်အတွက် မလိုအပ်သည့် အကြောင်းအရာ(မေးခွန်းတွင်မပါဝင်သည့်အကြောင်းအရာ) များကို ချန်လှပ်ထားခဲ့ပါ။ မေးခွန်းတစ်ခုပြီးလျှင် နောက်ထပ်မေးခွန်းတစ်ခုကို ရှာဖွေရာတွင် ပထမမေးခွန်း အပြီး နောက်ထပ်စာကြောင်းများတွင်သာ အပေါ်မှအောက်သို့ မျက်လုံးကိုရွေ့လျားရှာဖွေပါ။     Read the passage and answer the questions that follow.             When we look closely at the life stories of many popular heroes, we find that they are not always very good or very likeable people. They have become heroes because of their actions, not because of their characters. As the song says, a hero has got to be 'larger than life'; perhaps a better description is that he or she has got to be 'larger than death'. People may be famous while they alive, but after they are dead, stories are told and songs are written which make them into heroes.             Villains, like heroes, are the subjects of stories and songs which often have little to do with historical facts. Just as heroes are always stronger, braver and more heroic than they are in real life, villains are always crueller, more wicked and more villainous. But we like our villains to be black-hearted and that is the way we remember them.             It seems that we need heroes and villains and if history does not give them to us, then we have to invent them. Answer the following questions in complete sentences. 1.     What do you find about man many popular heroes? 2.     Why have people become heroes? 3.     What is a better description of a hero? 4.     What do we want our villains to be? 5.     What do we have to do if there are no villains in history? နံပါတ်(၁) မေးခွန်းတွင် အဓိကစကားလုံးမှာ many poplar heroes ဖြစ်ပြီး မေးထားသော အကြောင်းအရာမှာ find က အဓိက ဖြစ်သည့်အတွက် စာပိုဒ်တွင် many popular heroes ကို လိုက်ရှာရမည် ဖြစ်သည်။ many popular heroes ကို တွေ့သောအခါ ၎င်း၏ ဘေးဘယ်ညာကို ဆက်ဖတ်လျှင် မေးခွန်းနှင့်ဆက်စပ်သော အဖြေကို ရနိုင်ပါသည်။ နံပါတ်(၂) မေးခွန်းတွင် အဓိကစကားလုံးမှာ heroes ဖြစ်ပြီး မေးခွန်း၏အဓိကဆိုလိုရင်းမှာ become ဖြစ်သောကြောင့် စာပိုဒ်တွင် heroes ကို လိုက်ရှာသောအခါ heroes ၏ဘေးတွင် become ကိုပါ ဆက်တွေ့ရသဖြင့် အဖြေဟု ဆုံးဖြတ်နိုင်ပါသည်။ ကျန်သော မေးခွန်များသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။ စာပိုဒ်တွင်  ရှာဖွေ ဖတ်ရှုရာ၌ အပေါ်မှအောက်သို့သာ ဆက်ဖတ်ပါ၊ ဖြေဆိုပြီးသော မေးခွန်း၏ အောက်တွင်သာ ကျန်မေးခွန်းများ ဆက်လက်ပါရှိသည်။ တစ်ခါတစ်ရံ မေးခွန်းတွင် Tense (ကာလ)၊ Word form (စကားလုံး ပုံစံ)၊ Pronoun(နာမ်စား) စသည့် parts of speechများ ပြောင်းလဲ မေးတတ်သည်ကိုလည်း သတိထားရမည်။ ပြောင်းလဲမေးထားသည်များကိုသာ မေးခွန်းနှင့် လိုက်လျော ညီထွေ ဖြစ်အောင် ဖြေဆို ရမည်ဖြစ်သည်။           အချုပ်အားဖြင့် ဆိုရလျှင် Scanning သည် စာဖတ်ခြင်းထက် လိုအပ်သော အကြောင်းအရာ အချက်အလက်ကို ရှာဖွေခြင်းဟုပင် ဆိုနိုင်ပါသည်။ စာမေးပွဲဖြေဆိုရာတွင် ပေးထားသော စာပိုဒ်များသည် ဖြေဆိုသူ နှင့် မရင်းနှီးသော အကြောင်းအရာများဖြစ်နိုင်သောကြောင့် နားလည်သဘောပေါက်ရန် အသေးစိတ်ဖတ်နေလျှင် အချိန်ကုန်သွားနိုင်ပါသည်။ ထို့ကြောင့် အကြောင်းအရာကို နားလည်ရန်ထက် မေးခွန်း၏အဖြေ(ဆိုလိုရင်း)ကို ရရှိရန်သာ အရေးကြီးသည့်အတွက် လိုအပ်သော အဖြေကို အချိန်တို အတွင်း ရရှိနိုင်ရန် Scanning သည် အလွန်အသုံးဝင်သော နည်းစနစ်တစ်ခု ဖြစ်ပါသည်။ အင်္ဂလိပ် ဘာသာစကား လေ့လာသင်ယူနေသူတိုင်း၊ ကျောင်းသား/ကျောင်းသူတိုင်း စာမေးပွဲဖြေဆိုရာတွင် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်လျှက် ရေးသားလိုက်ပါသည်။                                                                                                          အောင်ကိုဦး (UMK)

အင်္ဂလိပ်စာ ဘယ်လိုဖတ်မလဲ? အပိုင်း-၂

အင်္ဂလိပ်စာ ဘယ်လိုဖတ်မလဲ? အပိုင်း-၂ (Skimming)         ယခင်တစ်ပတ်က အင်္ဂလိပ်စာဖတ်ရာတွင် အသုံးပြုသည့် နည်းစနစ်များကို အကြမ်းအားဖြင့် ပြောပြခဲ့ပါသည်။ ယခုတစ်ပတ်တွင် ၎င်းတို့အနက်မှ Skimming အကြောင်းကို အသေးစိတ် ဆက်လက် ပြောပြလိုပါသည်။ တစ်ခါတစ်ရံ စာဖတ်သည့်အခါ စာတစ်ပုဒ်လုံးကို ဖတ်ရှုခြင်းထက် အဓိကဆိုလိုရင်း အကြောင်းအရာများကို ဦးတည်ဖတ်ရှုရန်လည်း လိုအပ်သည်။ ထိုအခါ စာပိုဒ်တစ်ပိုဒ်၊ စာပုဒ်တစ်ပုဒ် (သို့မဟုတ်) စာအုပ်တစ်အုပ်လုံးကို ခြုံငုံ၍ ဆိုလိုရင်းအကြောင်းအရာ အကျဉ်းချုပ်ကိုသာ ရရှိရန် အမြန် ဖတ်သော နည်းစနစ်တစ်မျိုးကို Skimming ဟုဆိုနိုင်သည်။ စာအုပ်တစ်အုပ်တည်း၊ စာပုဒ်တစ်ပုဒ်တည်း၊ စာပိုဒ်တစ်ပိုဒ်တည်း တွင် မိမိလိုအပ်ချက်နှင့် သက်ဆိုင်သော အကြောင်းအရာများအားလုံး ပါဝင်သည်မှာ ရှားပါသည်။ ထို့ကြောင့် လိုအပ်ချက်များနှင့် ကိုက်ညီသည်ကို ရှာဖွေဖတ်ရှုရန်အတွက် Skimming ကို အသုံးပြုကြရသည်။ ဥပမာ စာသင်ခန်းတွင် ဆရာ၊ဆရာမများက နောက်တစ်ပတ်တွင် ဆွေးနွေးမည့် အကြောင်းအရာတစ်ခု ပေးလိုက်ပြီး လိုအပ်သော စာအုပ်များ ဖတ်ခိုင်းသည့်အခါ စာအုပ်တွင် ပါဝင်သော အကြောင်းအရာများ အားလုံးကို အလွတ်ရွတ်ဆိုပြရန် မလိုသည့်အတွက် အားလုံးကို အလွတ်ကျက်မှတ်ရန် မလိုအပ်ပါ၊ သို့ရာတွင် ပေးထားသော အကြောင်းအရာနှင့် သက်ဆိုင်သည်များကို ဆွေးနွေးနိုင်ရန် ပေးထားသည့်ခေါင်းစဉ်နှင့် သက်ဆိုင်သည့် အဓိကဆိုလိုရင်းအကြောင်းအရာများကိုသာ ဦးတည်ဖတ်ရမည် ဖြစ်သည်။ ထို့အပြင် စာကြည့်တိုက်၊  စာအုပ်ဆိုင်များတွင် စာအုပ်ငှားသည့်အခါ (သို့မဟုတ်) ဝယ်သည့်အခါ စာအုပ်တစ်အုပ်လုံးကို အသေးစိတ် ဖတ်ရန်မလိုအပ်ဘဲ လိုချင်သည့် အကြောင်းအရာများ ပါ၊ မပါသိရှိရန် စာအုပ်တစ်အုပ်လုံး၏ စ၊လယ်၊ဆုံး ကို Skim လုပ်ပြီး မြန်မြန်ဖတ်ကာ ဆုံးဖြတ်ရပါမည်။ စာရေးသူအမည်၊ စာအုပ်အမျိုးအစား၊ ဇာတ်လမ်း အနေအထားများကို Skim လုပ်ပြီး လိုချင်သည့် စာအုပ်ကို ရွေးချယ်ရမည် ဖြစ်သည်။           နေ့စဉ်နှင့်အမျှ အကြောင်းအရာပေါင်းများစွာ၊ စာအုပ်ပေါင်းများစွာကိုဖတ်ရှုရန် လိုအပ်သည့် အတွက် Skimming က စာဖတ်သူအတွက် အချိန်ကို သက်သာစေပါသည်။ Skim လုပ်ရန်အတွက်  စာမျက်နှာတစ်ခုလုံး အမြန်ဖတ်ပြီးလျှင် မည်သည့် အကြောင်းအရာကို အသေးစိတ် ဖတ်ရမည်ကို ဆုံးဖြတ် နိုင်သည်။ စကားလုံးတိုင်းကို ဖတ်ရန် မလိုအပ်ပါ။ သို့ရာတွင် တစ်ခါတစ်ရံ အဓိက အကြောင်းအရာများကို မျက်စိလျှမ်းတတ်သည်ကိုလည်း သတိထားရမည်။ ပထမဆုံး စာအုပ်ကို ဖွင့်လိုက်သည်နှင့် စာအုပ်တွင် ပါဝင်သော မိတ်ဆက်စကား၊ နိဒါန်း၊ ခေါင်းစီး၊ ခေါင်းစဉ်ခွဲများ၊ ရုပ်ပုံအညွှန်းများ၊ ရုပ်ပုံများ၊ ဇယားများ၊ စာလုံးအမည်းများ၊ စာလုံးစောင်းများ၊ မျဉ်းသားထားသော စကားလုံးများ၊ ဇာတ်လမ်း အချိတ်အဆက် သဘောတရားများ၊ သုံးသပ်ချက်၊ စာအုပ်အညွှန်းများ စသည်တို့ကို Skim လုပ်ရမည်။           လိုအပ်သော အချက်အလက်များ ပါဝင်သည့်စာမျက်နှာကို သိရှိရန် မာတိကာကို ဦးစွာဖတ်ပါ၊ အခြားသောဆက်စပ်သည့် အကြောင်းအရာများ ဖော်ပြထားသည့်နေရာကိုလည်း တပြိုင်တည်းဖတ်ပြီး မှတ်ခဲ့ပါ။ သက်ဆိုင်ရာ စာမျက်နှာများတွင် စာပိုဒ်များ၏ ပထမစာကြောင်းများကို ဦးစွာဖတ်ပါ၊ ပထမစာကြောင်းများတွင် စာရေးသူပြောလိုသော ယေဘုယျ အကြောင်းအရာကို တွေ့နိုင်သည်။ THE PERSONAL QUALITIES OF A TEACHER Here I want to try to give you an answer to the question: What personal qualities are desirable in apple teacher? Probably no two people would draw up exactly similar lists, but I think the following would be generally accepted. First, the teacher's personality should be pleasantly live and attractive. This does not rule out people who are physically plain, or even ugly, because many such gave great personal charm. But it does rule out such types as the over-excitable, melancholy, frigid, sarcastic, cynical, frustrated, and over-bearing: I would say too, that it excludes all off dull or purely negative personality. I still stick to what I said my earlier book: that school children probably 'suffer more from bores than from brutes'. Secondly, it is not merely desirable but essential for a teacher to have a genuine capacity for sympathy - in the literal meaning of that word; a capacity to tune in to the minds and feelings of other people, especially, since most teachers are school teachers, to the minds and feelings of children. Closely related with this is the capacity to be tolerant- not, indeed of what is wrong, but of the frailty and immaturity of human nature which induce people, and again especially children, to make mistakes. Thirdly, I hold it essential for a teacher to be both intellectually and morally honest. This does not mean being a plaster saint. It means that he will be aware of his intellectual strengths, and limitations, and will have thought about and decided upon the moral principles by which his life shall be guided. There is no contradiction in my going on to say that a teacher should be a bit of an actor. That is part of the technique of teaching, which demands that every now and then a teacher should be able to put on act - to enliven a lesson, correct a fault, or award praise. Children, especially young children, live in a world that is rather larger than life. A teacher must remain mentally alert. He will not get into the profession if of low intelligence, but it is all too easy, even for people of above-average intelligence, to stagnate intellectually and that means to deteriorate intellectually. A teacher must be quick to adapt himself to any situation, however improbable and able to improvise, if necessary at less than a moment's notice. (Here I should stress that use 'he' and 'his' throughout the book simply as a matter of convenience.) From- http://www.slideshare.net/ Reading Strategies             ကျန်ရှိနေသည့် စာကြောင်းများကိုလည်း ချန်မထားဘဲ အမြန်ဆက်ဖတ်သွားပါ၊ စာရေးသူများသည် ပထမ စာကြောင်းများတွင် ဆိုလိုရင်းကို ဖော်ပြလေ့ရှိကြသည့်အတွက် ၎င်းက အကြောင်းအရာတစ်ခုလုံး၏ ဆိုလိုရင်းကို ခြုံငုံနားလည်စေနိုင်သည်။ စာဖတ်စဉ်တွင် စာလုံးအမည်းများ၊ စာလုံးစောင်းများ၊ မျဉ်းသားထားသော စကားလုံးများ တွေ့ပါက ခဏရပ်ပါ၊ စာရေးသူပြောလိုသော အဓိကစကားလုံးများ ဖြစ်နိုင်ပါသည်။   အကြောင်းအရာတစ်ခုလုံးကို ခြုံငုံနားလည် သောအခါ ကျန်သည့်စာပိုဒ်များတွင် အဓိက အချက်များကိုသာ ရွေးချယ်ဆက်ဖတ်ပါ၊ မလိုအပ်သည်များကို ကျော်ဖတ်ပါ၊ စာဖတ်စဉ်တွင် မျက်လုံးကို ဘယ်မှ ညာသို့ ရွေ့ပြီး အမြန်ဖတ်ပါ၊ မျက်လုံးကိုမရွေ့ တတ်လျှင် ဘောပင်၊ ခဲတံ (သို့မဟုတ်) လက်ညှိုးထောက်ပြီးလည်း ဖတ်နိုင်သည်။ အရေးကြီးသော စကားလုံးများ၊ စကားစုများကို သတိပြုမိပါစေ။ စာပိုဒ် တစ်ပိုဒ်စီတွင် ပါဝင်သော အဓိက အကြောင်းအရာများကို တွေ့အောင် ကြိုးစားဖတ်ပါ၊ တစ်ခါတစ်ရံ  အဓိကအကြောင်းအရာများသည် စာပိုဒ်၏အစတွင် သာမကဘဲ အလယ်၊ အဆုံးတွင်လည်း ပါရှိ တတ်ပါသည်။ တစ်ခါတစ်ရံ စာပိုဒ်တစ်ပိုဒ်လုံးတွင်ပင်လျှင် အဓိကအချက်များ မပါဝင်တတ်ပါ။ နောက်ဆုံးစာပိုဒ်သည် စာရေးသူဆိုလိုချင်သော အကြောင်းအရာများ၏ အနှစ်ချုပ်၊ သုံးသပ်တင်ပြချက်များ ဖြစ်တတ်သောကြောင့် သတိထားပြီး အားလုံးကို ဖတ်သင့်ပါသည်။           စာအုပ်တစ်အုပ်ဖတ်လျှင်လည်း အထက်ဖော်ပြပါနည်းအတိုင်းပင် စာရေးသူအမည်၊ စာအုပ်အမည် ကိုရွေးချယ်ပြီးလျှင် မာတိကာကို ဦးစွာဖတ်ပါ၊ အခန်းတစ်ခုစီတွင် ပထမစာပိုဒ်များကို အနည်းငယ်စီဖတ်ပါ၊ မလိုအပ်သည်များကို ထားခဲ့ပြီး ဇာတ်လမ်း၊ အကြောင်းအရာ အချိတ်အဆက်ကို နားလည်စေရန် အလယ်တွင် အနည်းငယ် ဆက်ဖတ်ပါ၊ ရုပ်ပုံအညွှန်းများပါလျှင် ၎င်းတို့ကို ကြည့်ခြင်းဖြင့် ဆိုလိုရင်းကို လွယ်လွယ်ကူကူ နားလည် နိုင်သည်။ နောက်ဆုံးခန်းကို အနည်းငယ်ဆက်ဖတ်ကြည့်လျှင် ဇာတ်သိမ်းခန်း (သို့) သုံးသပ်တင်ပြချက်ကို သိရပြီဖြစ်သောကြောင့် ယေဘုယျ ဇာတ်လမ်းသဘော၊ စာအုပ်၏ဆိုလိုရင်း နားလည်လျှင် လိုအပ်ချက်ကို ရွေးချယ်နိုင်ပြီ ဖြစ်သည်။ အဆင့်လိုက် အားလုံးဖတ်ပြီး သောအခါ ဇာတ်လမ်း၊ စာအုပ်အပေါ် သုံးသပ်ချက်၊ အနှစ်ချုပ်၊ စာလုံးမည်းများ၊ စာလုံးစောင်းများ၊ မျဉ်းသားထားသော စကားလုံးများ၊ အဓိကအချက်များကို ပြန်လည်ဖတ်ရှုပြီး ရရှိလိုက်သော အကြောင်းအရာများနှင့် ညှိနှိုင်းသုံးသပ်ပါ၊ တစ်ခါတစ်ရံ Skim လုပ်စဉ်တွင် မျက်စိလျှမ်းပြီး ကျန်နေခဲ့သော အချက်အလက်များကို သုံးသပ်ချက်၊ အနှစ်ချုပ်များမှ ပြန်တွေ့နိုင်ပါသည်။           Skimming ဖြင့်ဖတ်သည်ဟု ဆိုသော်လည်း အကြောင်းအရာအားလုံးကို skim လုပ်၍မရပါ၊ Skimming သည် သာမန် စာဖတ်နှုန်းထက် လျှင်မြန်စွာဖတ်ရသော်လည်း အကြောင်းအရာအားလုံးကို အရှိန်(speed) အတူတူဖတ်၍ မရသည်ကို သတိထားပါ။ စာအုပ်၏ မိတ်ဆက်နိဒါန်း၊ နောက်ဆုံး သုံးသပ်ချက်၊ အဓိကအကြောင်းအရာများပါဝင်သော ဝါကျများ၊ မရင်းနှီးသော စကားလုံးများ၊ အနည်းငယ် ခက်ခဲရှုပ်ထွေးသော စာကြောင်းများကို ဖတ်ရာတွင် စာဖတ်သည့် အရှိန်(speed) ကို အနည်းငယ် လျှော့ကာ ဖတ်သင့်သည်။ Skimming ကို စနစ်တကျ လေ့ကျင့်ဖတ်ရှုလျှင် စာအုပ်တစ်အုပ်၏ ဆိုလိုရင်းကို မြန်မြန်ဆန်ဆန် နားလည်သဘောပေါက်နိုင်သောကြောင့် စာအုပ်များစွာကို အချိန်သက်သာစွာ ဖတ်ရှု နိုင်ပါလိမ့်မည်။           အင်္ဂလိပ်ဘာသာစကား လေ့လာသင်ယူသူများအားလုံး အင်္ဂလိပ်စာဖတ်ရာတွင် တစ်ထောင့် တစ်နေရာမှ အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်လျှက် လက်ဆင့်ကမ်းမျှဝေ လိုက်ပါသည်။                                                                                                                                    အောင်ကိုဦး (UMK)

အင်္ဂလိပ်စာ ဘယ်လိုဖတ်မလဲ? အပိုင်း - ၁

အင်္ဂလိပ်စာ ဘယ်လိုဖတ်မလဲ? အပိုင်း - ၁
အင်္ဂလိပ်ဘာသာစကားကို လေ့လာရာတွင် Reading skill သည် အရးကြီးသော ကဏ္ဍတစ်ခု ဖြစ်သည်။ မိခင်ဘာသာစကား (Native Language) တွင်ပင်လျှင် စာဖတ်ခြင်းဖြင့် ပျော်ရွင်ခြင်း၊ အသိပညာဗဟုသုတ ရရှိနိုင်ခြင်း၊ ဘဝကိုမြှင့်တင်ပေးနိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ လူမှုဆက်ဆံရေး တိုးတက်လာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သောကြောင့် လူတိုင်း စာဖတ်ရန် အရေးကြီးပါသည်။ စာဖတ်ရာတွင် အင်္ဂလိပ်စာဖြစ်စေ၊ မြန်မာစာဖြစ်စေ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ဖတ်ကြသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ဖတ်သည်ဖြစ်စေ စာဖတ်ရာတွင် အဆင်ပြေစေမည့် နည်းလမ်းများကို မျှဝေလိုပါသည်။ စာဖတ်ခြင်းသည် စကားလုံးများ အပါအဝင် အသိပညာဗဟုသုတများကို နားလည် ရရှိရန်သာမက ကိုယ်တိုင် ပြန်လည်အသုံးပြု နိုင်ပါသည်။ ထို့ကြောင့် ဘာသာစကား လေ့လာသင်ယူသူများ အတွက် Reading သည် အဓိက ထောင်ပံ့ ပေးထားသော Skill တစ်ခုလည်း ဖြစ်ပါသည်။ စာများများ ဖတ်ထားသော ဘာသာစကား လေ့လာသင်ယူသူ တစ်ယောက်သည် စကားလုံး(word)များ အဆင်သင့် ရှိနေပြီး Listening, Speaking, Writing စသည့် Skill များအားလုံး တိုးတက်မှု မြန်ဆန်စေရန် ကူညီနိုင်ပါသည်။ ဘာသာစကားကို လေ့လာသင်ယူသူများအတွက် စာဖတ်ခြင်းသည် အခြားသော Skill များထက် ပိုမို ထိတွေ့ရန် လွယ်ကူပြီး သဘောပေါက် နားလည်လွယ် နိုင်ပါသည်။ ဘာသာစကား လေ့လာသင်ယူသူများအတွက် အောက်ဖော်ပြပါ အချက်များအရ စာဖတ်ခြင်းသည် လေ့လာရန် ပိုမိုအဆင်ပြေယုံသာမက အကျိုးကျေးဇူး များစေပါသည်။ -       စာဖတ်ရာတွင် စကားလုံးများ၊ စကားစုများကို အကြိမ်ကြိမ် အထပ်ထပ် ရွတ်ဆို လေ့ကျင့်ခြင်းဖြင့် စကားလုံးများသာမက သဒ္ဒါပုံစံများကိုပါ သတိရမှတ်မိ စေနိုင်သည် -       စာဖတ်ခြင်းဖြင့် အင်္ဂလိပ်ဘာသာစကား၏ rhythm နှင့် ရင်းနှီးစေပြီး စကားလုံးများ၊ ဝါကျများ၏ သဘာဝကို ပိုမိုနားလည် စေနိုင်သည် -       စကားပြောလေ့ကျင့်ခြင်း နှင့် မတူဘဲ တစ်ဦး၊ တစ်ယောက်တည်း လေ့လာနိုင်သည် -       စာဖတ်ရန် အတွက် ငွေကုန်ကြေးကျ အလွန်မများဘဲ တစ်ခါတစ်ရံ အလားကားပင် ရနိုင်သည် -       စာဖတ်ခြင်းဖြင့် တိကျသော စာလုံးပေါင်း (spelling) များကို သတိရမှတ်မိစေရန် အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်သည် အင်္ဂလိပ်ဘာသာစကား တိုးတက်လိုပါလျှင် အင်္ဂလိပ်စာဖတ်ခြင်းကို ချစ်မြတ်နိုး ရပါမည်။ အင်္ဂလိပ်စာပေ ဖတ်ရှုရာတွင် ဆောင်ရွက်သင့်သည့် အချက်(၇) ချက်ကို ပြောပြလိုပါသည်။ (၁) စိတ်ဝင်စားသည့် အကြောင်းအရာကို ရွေးချယ်ဖတ်ရှုပါ           စာရေးသူသည် အင်္ဂလိပ်ဘာသာစကားသင်ကြားသည့် ဆရာတစ်ယောက်ဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူ များကို အင်္ဂလိပ်စာပေဖတ်ရန် ပြောတိုင်း " ဘယ်လိုစာကို ဖတ်ရမှာလဲ? " ဟူသောမေးခွန်းကို အများဆုံး ပြန်မေးကြပါသည်။ စိတ်ဝင်စားသည့် အကြောင်းအရာကို ဖတ်ပါ၊ စိတ်ဝင်စားသည့်၊ နားလည်နိုင်သည့် အကြောင်းအရာကို ဖတ်ရှုမှသာလျှင် အမှန်တကယ် အသုံးပြုရာတွင် စကားလုံးများ အသက်ဝင်လာပြီး စာဖတ်ချင်စိတ် မြင့်တက်လာပါလိမ့်မည်၊ နားမလည်နိုင်သော၊ စိတ်မဝင်စားသော အကြောင်းအရာမျိုးကို ဖတ်ရှုမိလျှင် အခက်အခဲတွေ့ပြီး တစ်ကြိမ်တည်းနှင့်ပင် လက်လျှော့သွားတတ်ကြပါသည်။ စိတ်ဝင်စားသည့် အကြောင်းအရာကို ဖတ်ရှုလျှင် သိချင်စိတ်က အခက်အခဲကို ကျော်ဖြတ်ရန် ထောက်ပံ့ပေးပါသည်၊ စာကို စတင်ဖတ်ရှုရန်သာ အရေးကြီးပါသည်၊ ကြိမ်ဖန်များစွာဖတ်လျှင် စာဖတ်ခြင်းစွမ်းရည် တိုးတက်လာပါလိမ့်မည်။ (၂) မိမိ၏အဆင့်နှင့်ကိုက်ညီသော (သို့) အနည်းငယ်ခက်သော စာကိုဖတ်ပါ           လွယ်လွယ်ကူကူ ဖတ်နိုင်သော Ladder Series များ၊ Guided Reading များကို စတင်ဖတ်ရှုပါ၊ စာအုပ်တစ်အုပ်ကို မဖတ်မီ အနည်းငယ် စာမြည်းကြည့်လျှင် စာမျက်နှာတစ်မျက်နှာတွင် မသိသော စကားလုံး (၅)လုံး ခန့် နှင့် ၎င်းဝန်းကျင်ခန့် ဆိုပါလျှင် စတင်ဖတ်ရှုသူအတွက် အဆင်ပြေပါလိမ့်မည်။ စကားလုံးများ အားလုံးသိနေလျှင်လည်း ပေါ့လျော့တတ်ပြီး မသိသော စကားလုံး များနေပါကလည်း အကြိမ်ကြိမ် အဘိဓာန်ကြည့် နေရလျှင် ငြီးငွေ့နိုင်သည်။ မလွယ်လွန်း မခက်လွန်းသော အခြေအနေတွင်သာ အဆင်ပြေလိမ့်မည်၊ စာဖတ်သက် ကြာလာသည်နှင့်အမျှ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာပါလိမ့်မည်။ (၃) အကြောင်းအရာတစ်ခု (သို့) စာအုပ်တစ်အုပ်ကို ကျေညက်အောင် ဖတ်ပါ           ကြောင်းအရာတစ်ခု (သို့မဟုတ်) စာအုပ်တစ်အုပ်ကို ဖတ်ဖန်များလာသော အခါ ၎င်းနှင့် ရင်းနှီးကျွမ်းဝင်ပြီး ပိုမို နားလည်လာပါလိမ့်မည်၊ ဗဟုသုတ ရရှိရန်အတွက် စာအုပ်များစွာကို ဖတ်ရမည်ဖြစ်သော်လည်း အသုံးပြုရန်အတွက်မူ စာအုပ်တစ်အုပ်ကို ကျေညက်အောင် ဖတ်သင့်သည်။ ဤနေရာတွင် သာဓက ပြလိုပါသည် -စာရေးသူ၏ ကျေးဇူးရှင်ဆရာကြီး ဦးမြကြိုင်သည် အင်္ဂလိပ်စာအုပ်ပေါင်းများစွာကို အမြဲတမ်း ဖတ်သော်လည်း ဆရာမကြီး ဒေါ်ခင်မျိုးချစ် ရေးသားသော " Colourful Myanmar " စာအုပ်တစ်အုပ်တည်းကို လက်စွဲစာအုပ်အဖြစ် စာသင်သားဘဝမှ ယခုအချိန်ထိတိုင်အောင် ဖတ်ပါသည်၊ အန္ဒိယနိုင်ငံ နယူးဒေလီ ၌ Shimla University နှင့် British School of Language တွင် အင်္ဂလိပ်စာ မဟာဝိဇ္ဇာတန်း နှင့် အင်္ဂလိပ်ဘာသာစကား သင်ယူခဲ့စဉ်တွင် ၎င်းစာအုပ် တစ်အုပ်တည်းမှပင် စကားလုံးပေါင်းများစွာကို အသုံးပြုနိုင်ခဲ့သလို ယင်းစာအုပ်ကပင် များစွာ အထောက်အကူပေးပါသည်။ "စာတတ်ခြင်း၏လျှို့ ဝှက်ချက်သည် စာကျေခြင်းဖြစ်သည်" ဟု ဆရာကြီးက လမ်းညွှန်ပါသည်။ စာအုပ်တစ်အုပ်ကို ကျေညက်လျှင် အခြားသောစာအုပ်များကို ဖတ်ရှုရာတွင် များစွာ အထောက်အကူ ပေးပါသည်။ (၄) စာဖတ်ရာတွင် အခက်အခဲရှိပါက ဦးစွာနားထောင်ပါ           Ladder Series စာအုပ်များတွင် အသံထွက်ဖတ်ပြသော Audio Book များစွာရှိပါသည်။ ၎င်းတို့ကို နားထောင်ခြင်းဖြင့် အသံအယူအဆများကို တပြိုင်နက်တည်း လေ့လာနိုင်သည်၊ စာဖတ်စဉ် အခက်အခဲရှိပါက စတင် စာမဖတ်မီ Audio Book များကို ဦးစွာ နားထောင်ကြည့်ပါ။ ၎င်းက စကားလုံးများ၊ စကားစုများ၊ စာပိုဒ်များ နှင့် ပိုမို ရင်နှီးစေပါသည်၊ Audio Book များမှ အသံများသည် ကိုယ်တိုင်ဖတ်ရှုသောအခါ အကူအညီပေး နိုင်ပါသည်။ နားတွင်ကြားဖူးသော အကြောင်းအရာများသည် ကျက်မှတ်ထားခြင်းထက် ပိုမှတ်မိတတ်သည်။ အခြားသော စာအုပ်များကို ဖတ်ရှုသည့်အခါတွင်လည်း နားတွင်ကြားဖူးထားသော စကားလုံးများ၊ စကားစုများ ကြောင့် သတိရ မှတ်မိ နားလည် စေနိုင်သည်၊ (၅) စာဖတ်စဉ် စိတ်အာရုံကို စာထဲတွင် နှစ်မြှပ်ထားပါ           စာဖတ်စဉ် စာအုပ်ထဲတွင် ဈန်ဝင် နေရန် အရေးကြီးပါသည်၊ စတင် စာဖတ်ရာတွင် စာအုပ် အပေါ်တွင် မေးခွန်းထုတ်ခြင်း၊ သုံးသပ်ခြင်းများ မလုပ်ပါနှင့်၊ နားလည်ရန်သာ ကြိုးစား ဖတ်ပါ။ ၎င်းအပြုအမူများသည် စာဖတ်သည့် အရှိန်ကို ထိခိုက် စေနိုင်သည်။ စတင် စာဖတ်စဉ် စာအုပ်ကို ခန့်မှန်း သုံးသပ်ရန် မလိုအပ်သေးဘဲ စာရေးသူပြောလိုသော အကြောင်းအရာကိုသာ ဖမ်းဆုပ်မိရန် အရေးကြီးပါသည်။ (၆) စာဖတ်စဉ် နားမလည်သည့် အခက်အခဲများကို မစိုးရိမ်သင့်ပါ           စာဖတ်စဉ်တွင် အခက်အခဲတစ်စုံတစ်ရာ ကြုံရမည်မှာ မလွဲပါ၊ မိခင်ဘာသာစကား ဖြစ်သော မြန်မာစာအုပ်များသည်ပင်လျှင် တစ်ခါတစ်ရံ ချက်ချင်း နားမလည်နိုင်ပါ။ ဆရာနှင့်အတူ ဖတ်ခြင်း မဟုတ်သည့် အတွက် နားမလည်လျှင် ၎င်းကိုကျော်ပြီး ဆက်ဖတ်ပါ၊ ပြီးမှ နောက်တစ်ကြိမ် ထပ်ဖတ်ပါ၊ ထပ်ခါထပ်ခါ ဖတ်သောအခါ ဆိုလိုရင်းကို အတိအကျနားမလည်သည့်တိုင် အကြောင်းအရာတစ်ခုလုံးနှင့် ဆက်စပ်ပြီး အနီးစပ်ဆုံး ခန့်မှန်း နားလည်နိုင်ပါသည်။ (၇) ဖတ်ရှုပြီးသောအခါ အဓိက အချက်အလက်များကို မှတ်သားပါ           အကြောင်းအရာတစ်ခုလုံး ပြီးမြောက်အောင်မြင်စွာ ဖတ်ရှုပြီးသောအခါ စကားလုံးအသစ်များ၊ စကားစုများ၊ စာပိုဒ်များကို စာရင်းပြုစုကာ မှတ်စုစာအုပ်တွင် ရေးမှတ်ပါ။ စကားလုံးအသစ်များ ရရှိရန် အတွက် အဓိကလမ်းမှာ စာဖတ်ခြင်းသာ ဖြစ်ပါ၍ အချိန်ရသရွေ့ ဖတ်နိုင်သမျှ ဖတ်ပါ။ စာဖတ်ခြင်း အလေ့အထ မှသည် စာဖတ်ခြင်းကို စွဲလန်းမြတ်နိုးလာသောအခါ စာပေ၏ အကျိုးကျေးဇူးကို လက်တွေ့ ခံစားရပါလိမ့်မည်။           စာဖတ်ခြင်းသည် အသိပညာဗဟုသုတ ရရှိယုံ သက်သက်မဟုတ်ဘဲ လက်တွေ့အသုံးပြုရန် အတွက်လည်း ဖတ်ကြရသည်။ စာဖတ်ရာတွင် စာမေးပွဲများအတွက်ဖတ်ခြင်း၊ တင်ပြချက်များကိုဖတ်ခြင်း၊ ရည်ညွှန်း ကိုးကားရန်ဖတ်ခြင်း စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ကွဲပြားနိုင်ပါသည်။ အခြေအနေ အပေါ်မူတည်၍ စာဖတ်သည့် နည်းစနစ်၊ နည်းလမ်းများလည်း ကွဲပြားသွား ပါသည်။ စာဖတ်ရာတွင် အသုံးပြုသည့် Scanning, Skimming, Detail Reading, SQ3R စသည့် စာဖတ်နည်းပုံစံများကိုလည်း သိထားသင့်ပါသည်။ Skimming ဆိုသည်မှာ စာတစ်ပုဒ်၏ ဆိုလိုရင်းအဓိက အကြောင်းအရာ အကျဉ်းချုပ်ကိုသာ ရရှိရန် ဖတ်ရှုခြင်း ဖြစ်သည်။ စာတစ်ပုဒ်လုံးကို အားလုံးမဖတ်ဘဲ လိုအပ်သည့် အချက်အလက်ကိုသာ ဦးတည် ဖတ်ရှုခြင်းကို Scanning ဟု ခေါ်နိုင်သည်။ စာတစ်ပုဒ်လုံးကို အကြောင်းအရာ အသေးစိတ်ဖတ်ရှုခြင်းသည် Detail Reading ဖြစ်သည်။ SQ3R ဟု အတိုကောက် ခေါ်သော Survery(ဆန်းစစ်လေ့လာခြင်း)၊ Questions(မေးခွန်းထုတ်ခြင်း)၊ Read(ဖတ်ရှုခြင်း)၊ Recall(ပြန်လည်စဉ်းစားခြင်း) နှင့် Review(ပြန်လည်သုံးသပ်ခြင်း) များသည်လည်း Detail Reading ကို ထောက်ပံ့ ပေးသော နည်းစနစ်တစ်ခု ဖြစ်သည်။           အထက်တွင် ဖော်ပြထားသော စာဖတ်ရာတွင် အသုံးပြုသည့် နည်းစနစ်များကို နောက်အပတ်များတွင် တစ်ခုခြင်း အသေးစိတ် ဆက်လက်ရေးသားသွားပါမည်။ အင်္ဂလိပ်ဘာသာစကား လေ့လာသင်ယူသူတိုင်း အင်္ဂလိပ်စာဖတ်ခြင်းကို ချစ်မြတ်နိုးပြီး အင်္ဂလိပ်စာ တိုးတက်ပါစေကြောင်း ရည်ရွယ်လျှက် ရေးသားလိုက်ပါသည်။ အောင်ကိုဦး (UMK)

Wednesday, June 5, 2013

အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ

သင်ယူခြင်းဆိုတာ အနုပညာတစ်ခုပါ။ လေ့လာတယ်လို့သာပြောတယ်၊ တွေ့ကရာလျှောက်ဖတ်၊ လုပ်ချင်တိုင်း လုပ်နေလို့ကတော့ ပန်းတိုင်နဲ့ အလှမ်းဝေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ၀ါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြလိုက်ပါတယ်။ သင်ယူမှုထိရောက်အောင် သိထားသင့်တာတွေက - ကိုယ့်ကိုယ်ကို သိပါ - ကိုယ့်သင်ယူလေ့လာနိုင်စွမ်းကို သိပါ - ယခင်လုပ်ဆောင်အောင်မြင်ခဲ့ဖူးတဲ့နည်းလမ်းတွေကို သိပါ - ဘာကိုသိချင်၊ တတ်ချင်၊ လေ့လာချင်ဆိုတာ သိပါ ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေး ကိုယ်တိုင်က အင်္ဂလိပ်စာကို စိတ်မ၀င်စားရင် တိုးတက်လာမှာလည်း မဟုတ်ဘူး။ စိတ်ပျက်ပြီး ဘေးထွက်ထိုင် ရင် ပိုဆိုးသွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။ အရိုးသားဆုံးဖြေကြည့်ပါ။ - ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်တာလဲ - ဘာကြောင့် အင်္ဂလိပ်စာတတ်ချင်တာလဲ - အင်္ဂလိပ်စာတတ်ရင် ဘယ်နေရာမှာ အသုံးချမှာလဲ - အင်္ဂလိပ်စာရဲ့ ဘယ်အပိုင်းကို လေ့လာချင်တာလဲ (Reading/Writing/Listening/Speaking) - ဘယ်လောက်ကြာကြာလေ့လာမှာလဲ - အချိန်ဘယ်လောက်ပေးနိုင်သလဲ - ငွေဘယ်လောက် အကုန်ခံနိုင်သလဲ - စီမံချက် သို့မဟုတ် နည်းစနစ်တွေရှိသလား လမ်းဆုံးအောင်လျှောက် အင်္ဂလိပ်စာလေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုပါတော့ ပထမဦးဆုံး ကိုယ့်ကိုယ်ကို မေးရမှာက “အချိန် ဘယ်လောက်ပေးနိုင်သလဲ” ဆိုတာပဲ။ တစ်နေ့ကို အချိန်နည်းနည်းပဲပေး နေ့တိုင်းလေ့လာတာ ပိုကောင်းတယ်။ တစ်ပတ်တစ်ရက်တို့၊ တစ်ပတ်နှစ်ရက်တို့ပဲ အချိန်ရတယ်ဆိုတာကိုတော့ အားမပေးချင်ဘူး။ ဆိုလိုချင်တာက နေ့စဉ် ကိုယ်တိုင်လည်း ကြုံသလိုလေ့လာလို့ရပါလျက် တစ်ပတ်မှတစ်ရက်လောက် စာလာကျက်တာမျိုးကို တော့ ရေရှည်လုပ်ငန်းကြီးဖြစ်နိုင်လို့ အားမပေးချင်ဘူးပြောရတာ။ နောက်ပြီး ရက်တိုသင်တန်းလိုဟာမျိုး တစ်ပတ်ဆက်တိုက်တက်တာက တစ်ပတ်မှာ တစ်ရက်၊ ၆ လသင်တန်းဆိုတာမျိုးထက် ပိုကောင်းတယ်လို့ ခံယူ ထားပါ။ ကိုယ်တိုင်လုပ်နိုင်တာတွေ - အင်္ဂလိပ်စာသင်တန်းတက်ပါ (ပုံမှန်သင်တန်းမျိုးကိုရွေးချယ်ပါ) - အိမ်စာတွေကို မှန်မှန်လုပ်နိုင်အောင် ကြိုးစားပါ - တစ်လကို အင်္ဂလိပ်စာအုပ် အနည်းဆုံးတစ်အုပ်ဖတ်နိုင်အောင် ကြိုးစားပါ - နေ့စဉ် အင်္ဂလိပ်စာလုံး အသစ်အဆန်းတွေကို တစ်လုံးလောက်ဖြစ်ဖြစ်လေ့လာပါ - အင်္ဂလိပ်စကားပြော နေ့တိုင်းလေ့ကျင့်နိုင်အောင်ကြိုးစားပါ - အင်တာနက်ပေါ်တက်ပြီး အင်္ဂလိပ်လိုရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်၊ သတင်းတစ်ပုဒ်လောက် ဖြစ်ဖြစ် နေ့စဉ်ဖတ်ပါ - နေ့စဉ် အင်္ဂလိပ်ပိုင်းအစီအစဉ်ဖြစ်စေ၊ အင်္ဂလိပ်လိုစကားပြောကိုဖြစ်စေ ၁၀ မိနစ်ခန့်နားထောင်ဖို့ အချိန်ပေးပါ။ - တစ်လကို အင်္ဂလိပ်ရုပ်ရှင် (အင်္ဂလိပ်စာတန်ထိုး) အနည်းဆုံးတစ်ကြိမ်လောက်ကြည့်ဖြစ်အောင် လုပ်ပါ - အင်္ဂလိပ်လို ပြဇာတ်၊ ဟာသ၊ ဇာတ်လမ်း (ရေဒီယို သို့မဟုတ် တီဗွီအစီအစဉ်မှာ) နားထောင်ပါ၊ ကြည့်ပေးပါ အထက်ကဖော်ပြခဲ့တာတွေလုပ်နိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို ဆုပေး/ဒဏ်ပေးလေးတွေ လုပ်သင့်ရင် လုပ်ရမယ်။ ပြေထားခဲ့တာတွေအတိုင်း လုပ်နိုင်ခဲ့ရင် တစ်လကိုတစ်ကြိမ် ဘာလုပ်မယ်ဆိုတာမျိုးပေါ့။ မလုပ်ဖြစ်ရင်လည်း အဲဒါတွေကို မခံစားဘဲနေနိုင်အောင် အပြစ်ပေးပါ။ - ရုပ်ရှင်ကြည့်မယ်/ အလည်သွားမယ် - ကြေးအိုးထွက်သောက်မယ်/ တစ်ခုခု ကောင်းတာစားမယ် - အ၀တ်အစားဝယ်မယ် - အလှပြင်ဆိုင်သွားမယ်/ ကာရာအိုကေဆိုင်သွားမယ် ဘယ်လိုလေ့လာရမလဲ လေ့လာနည်းအမျိုးမျိုးရှိတယ်။ ဘယ်နည်းလမ်းက ကိုယ့်အတွက် အဆင်အပြေဆုံးဖြစ်မလဲ လေ့လာကြည့်မယ်။ ဗီဒီယိုအခွေနဲ့ လေ့လာချင်တယ်ဆိုသူတွေက - ဆရာက ရုပ်သံကနေ ပြောနေတာတွေကို နားလည်သလား - အများနဲ့ထိုင်ကြည့်ရတာကြိုက်သလား၊ တစ်ယောက်တည်းကြည့်ရတာကြိုက်သလား - ပြောနေတာထက် ပုံတွေ၊ သက်ရှိ၊ သက်မဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ ရှင်းပြတာကို ပိုကြိုက် သလား - နားထောင်ရုံသက်သက်ကိုကြိုက်သလား၊ အပြန်အလှန် မေးရတာကိုကြိုက်သလား အကြံပြုချက် - သင်ခန်းစာကို ကြည့်ရုံ၊ ကြားရုံသက်သက်ထက်၊ စာသင်နေသလိုမျိုး ပျင်းစရာကောင်းအောင် ထိုင်နားထောင်နေရတာထက် ဇာတ်လမ်းဆန်ဆန် သင်ကြားတဲ့ သင်ခန်းစာမျိုးကို ရွေးချယ်ကြည့်သင့်တယ်။ ကက်ဆက်နဲ့ပဲနားထောင်ချင်တယ်ဆိုသူတွေက - နှုတ်ပြောကိုနားထောင်ရတာဆိုတော့ native speaker တွေရဲ့ အသံတွေကို နားထောင်နေတာ ဟုတ်ရဲ့လား - အင်္ဂလိပ်စာမှာ အသံ အနိမ့် အမြင့်၊ အတို အရှည်၊ အနှေး အမြန်ဆိုတာတွေကို ကွဲပြားအောင် ထွက်ပြနေတဲ့အခွေဟုတ်ရဲ့လား - သူပြောတာတွေကို နားလည်ရဲ့လား၊ သိချင်တာတွေကို လိုက်မှတ်နိုင်ရဲ့လား အကြံပြုချက် - ရေဒီယိုအသံလွှင့်ချက်တွေကိုလည်း နားထောင်သင့်တယ်။ ကိုယ်ပြောတာလည်း အသံဖမ်းထား ပြီး ပြန်နားထောင်သင့်တယ်။ သတိပြုသင့်တာတွေက ၁။ ဘာသာစကားလေ့လာတယ်ဆိုတာ ဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်းတိုးသွားရမှာ။ တစ်ညတည်းအတတ် ဆိုတာမျိုး၊ တစ်လအတတ်ဆိုတာမျိုး အင်္ဂလိပ်စာမှာ မရှိဘူး။ ၂။ ဘာကြောင့် အင်္ဂလိပ်စာကိုလေ့လာတာလဲ။ ဘာတွေကို လေ့လာမှာလဲဆိုတာ အရင်ဆုံး ဆုံးဖြတ်ချက် ချထားဖို့လိုတယ်။ ၃။ အင်္ဂလိပ်စာလေ့လာတယ်ဆိုတာကို စိတ်ဖိစီးစရာကြီးတစ်ခုအနေနဲ့ မှတ်မထားနဲ့။ အလေ့အထတစ်ခုလို မှတ်ထား။ ဥပမာ ထမင်းစားလို၊ ရေသောက်သလိုမျိုး၊ ဆာလို စားတယ်၊ ဆာလို့ သောက်တယ်ဆိုတာလိုဖြစ်လာရင် အဆင်ပြေပြီ။ နေ့တိုင်းလေ့လာနိုင်အောင် ကြိုးစားပါ။ ဒါကလည်း တပင်တပန်းကြီးမဟုတ်ဘူး။ အင်္ဂလိပ်ပိုင်းအစီအစဉ်လေးလောက်ကို နားထောင်လိုက်တာလည်း အလုပ်ဖြစ်တယ်။ တစ်နေ့ ၁၀ မိနစ်၊ တစ်ပတ် ၂ နာရီလောက် အချိန်ပေးနိုင်ရင်ရပြီ။ ၄။ အင်္ဂလိပ်စာလေ့လာတာ အင်္ဂလိပ်စာကိုမှတစ်နေ့မမြင်ရရင်/ မကြားရရင် နေမထိ ထိုင်မသာသလိုမျိုး ဖြစ်နေရင်တော်ပြီ။ တစ်နေ့ ၁၀ မိနစ်ပဲတော်ပြီ။ နေ့တိုင်းခေါင်းထဲ ၀င်နေဖို့ အရေးကြီးတာ။ တစ်ပတ်ကို တစ်ကြိမ်လောက် ခေါင်းထဲထည့်တာမျိုးတော့ အနေဝေးရင် သွေးအေးတယ်ဆိုသလိုမျိုး ဦးနှောက်လည်း အေးသွားတတ်တယ်။ ၅။ ရေဒီယို၊ တီဗွီ၊ အောက်စက် (DVD/VCD)၊ Mp3, MP4 သင်ယူမှုကိုအထောက်အကူဖြစ်မယ့် ပစ္စည်းတွေ သုံးဖြစ်အောင်သုံးပါ။ ၆။ နည်းအမျိုးမျိုးပြောင်းပြီးလေ့လာပါ။ ဖတ်၊ ရေး၊ ပြော၊ နားထောင်၊ ဂရမ်မာ တစ်လှည့်စီပြောင်းပါ။ ၇။ မိတ်ဆွေကောင်းရှာပါ။ ကိုယ်နဲ့အတူပြော/ရေး ဆွေးနွေးတိုင်ပင်ဖော် တိုင်ပင်ဖက်ပေါ့။ တစ်ယောက်တည်း လေ့လာတာထက် နှစ်ယောက်အတူလေ့လာတာ ပိုပြီးအကျိုးရှိတယ်။ ၈။ ကိုယ်စိတ်ပါဝင်စားတာကို လေ့လာနိုင်တဲ့အနေအထားတွေကို ကိုယ့်ဝန်းကျင်မှာရှိနေအောင် ဖန်တီးထားပါ။ ဥပမာ စာအုပ်စာတန်း၊ အခွေတွေအားလုံး အချိန်မရွေးလေ့လာနိုင်ဖို့ အသင့်ရှိနေရမယ်။ ၉။ ဂရမ်မာကိုလေ့လာချင်ရင်လည်း ဂရမ်မာနဲ့ဆက်နွှယ်နေတဲ့ ၀န်းကျင်ကောင်းတစ်ခုရှိရမယ်။ ဂရမ်မာဆိုတာ နေ့စဉ်သုံး ဘာသာစကားမဟုတ်ဘူး။ သီးခြားလေ့လာမှရတာ။ ဒါကြောင့် ကိုယ်မတတ်လည်း ဆရာတစ်ဦးဦး ဆီမှာ သင်တန်းသွားတက်နိုင်အောင် ကြိုးစားကြည့်ပါ။ ၁၀။ ပါးစပ်ကို မနှမြောပါနဲ့။ ဇစ်နဲ့ပိတ်မထားနဲ့။ များများ လှုပ်ရှားနိုင်အောင် ကြိုးစားကြည့်ပါ။ အင်္ဂလိပ်စာမှာ အသံထုတ်မှ အဓိပ္ပာယ်ပေါ်တာတွေအများကြီးရှိတယ်။ ကျယ်ကျယ်အော်ရင် ပျော်သွားမယ်ဆိုတဲ့စကားရှိတယ်။ အစပိုင်းတော့ ရှက်သလိုလိုရှိမယ်။ ပြောကြည့်ပါ ထူးခြားသွားပါလိမ့်မယ်။ ၁၁။ စိတ်ရှည် ဇွဲသန် သီးခံနိုင်အောင် ကြိုးစားမယ်။ သင်ယူခြင်းဆိုတာ ကိုယ်တိုင်အားထုတ်မှရတာ။ အင်္ဂလိပ် လိုပြောနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့လိုတယ်။ လူဆိုတာ ကွန်ပျူတာမဟုတ်တော့ သူ့လောက်တော့ မမြန်နိုင်ဘူးပေါ့။ ၁၂။ ဆက်သွယ်ပါ။ အင်္ဂလိပ်စာမှာ communication အရမ်းအရေးကြီးတယ်။ များများဆက် များများတက် တယ်။ အင်တာနက်ဆိုတာရှိတယ်လေ။ ကမ္ဘာပတ်ပြီး အီးမေးလ်တွေကို အင်္ဂလိပ်လိုရေးပြီး ပို့ကြည့်။ သူများ နိုင်ငံက ကိုယ့်ဆီကို ဘယ်လိုရေးတယ်ဆိုတာလည်းလေ့လာ၊ ကိုယ်လည်း ရေးရင်းနဲ့ လက်တက်သွားလိမ့်မယ်။ ၁၃။ အင်တာနက်ကို သုံးဖြစ်အောင်၊ သုံးနိုင်အောင်ကြိုးစားပါ။ အင်တာနက်မှာ အင်္ဂလိပ်စာကို အတားအဆီး၊ အတိုင်းအတာမဲ့ လေ့လာသင်ယူနိုင်တယ်ဆိုတာ တကယ်ပြောတာ။ လက်ကလေးတစ်ချောင်းနှိပ်လိုက်ရုံနဲ့ ကမ္ဘာ့အပြင်ကို ခုန်ထွက်နိုင်တဲ့ခေတ်မှာ ကမ္ဘာပတ်ပြီး အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်ပါပြီ။ နောက်ဆုံးပြောချင်တာက စိတ်ရှည်ပါ။ သီးခံပါ။ တကယ်တတ်ချင်ရင် ဒီစကားကို အထပ်ထပ်ရွတ်ပါ။ Pratice ... Pratice … Practice!

Tuesday, June 4, 2013

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ Online ရှိတဲ့နေရာ တိုင်းက အခကြေးငွေ လုံးဝ (လုံးဝ) ပေးစရာမလိုဘဲ လေ့လာသင်ယူ လို့ရတဲ့ ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်များ ဖြစ်ပါတယ်။ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။ Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။ ➤ Massachusetts Institute of Technology (MIT)/OpenCourseWare ✤ Link: http://is.gd/0pm1n1 ➤ Udacity / Free interactive College Classes ✤ Link: http://is.gd/xiFMtf ➤ Open Yale Courses / Freely Downloadable ✤ Link: http://is.gd/74Xwb4 ➤ Coursera Free Online Courses ✤ Link : http://is.gd/LIDgMa ➤ ALISON Database / Free Online Diplomas ✤ Link: http://is.gd/cqkuBQ ➤ Khan Academy / Free Online Education ✤ Link : http://is.gd/qpJwVP ➤ Johns Hopkins OpenCourseWare ✤ Link: http://is.gd/YWSx0O ➤ Academic Earth Free Online Courses ✤ Link: http://is.gd/BIZJQz ➤ UC Berkeley Free Online Lectures ✤ Link: http://is.gd/mNyFEM ➤ Open University LearningSpace ✤ Link: http://is.gd/84CXnA ➤ Carnegie Mellon Open Learning Initiative ✤ Link: http://is.gd/ADEBmj ➤ University of Washington Video Lectures ✤ Link: http://is.gd/ePO5Me ➤ Tufts OpenCourseWare ✤ Link: http://is.gd/8ABGyb ➤ UC San Diego Podcast Lectures ✤ Link: http://is.gd/oGOjth ➤ AMSER (Applied Math and Science Education Repository) ✤ Link: http://is.gd/N51Mvh ➤ Utah State OpenCourseWare ✤ Link: http://is.gd/ZRew6t ➤ Free Video Lectures.com ✤ Link: http://is.gd/ObsSL5 ➤ How-Stuff-Works / Free Online Science-Related Courses ✤ Link: http://is.gd/XEHory ➤ Wolfram Demonstrations Project ✤ Link: http://is.gd/0vbMWk ➤ Free Science and Video Lectures Online! ✤ Link: http://is.gd/JoOFQg ➤ LearningScience.org ✤ Link: http://is.gd/te9NqS ➤ Science.gov Databases ✤ Link: http://is.gd/g4ZK7B ➤ Connexions - Open-Content Library ✤ Link: http://is.gd/C9Inr5 ➤ Sophia Free Online Courses ✤ Link: http://is.gd/JBsj55 ➤ Honorable Mention: Peoi.org ✤ Link: http://is.gd/QbtScO For more - http://is.gd/y7Fukg Aung Kham (TSJ team) Source: TechSpace Web blog

Thursday, January 10, 2013

ကွမ်းခြံကုန်း စာပေဟောပြောပွဲ (၃)

ကွမ်းခြံကုန်း စာပေဟောပြောပွဲ(၄)