This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

English for beginners

English for beginners

Friday, June 15, 2012

နိုးကြားပါစေကုန်သတည်း

11:46 mwrn No comments Email This BlogThis! Share to Twitter Share to Facebook Saya Chit Oo Nyo Saya Chit Oo Nyo * ကြည့်လိုက်စမ်း — သူငယ်ချင်း မိုးကုတ်စက်ဝိုင်းအနှံ၊ တပြန့်တပြော —— - သောကမီးလျှံကို စားသုံးနေရသူတွေ - မောဟ အမှောင်တိုက်ထဲကျရောက်နေသူတွေ - ၀မ်းတစ်ထွာနဲ့ စစ်ခင်းနေရသူတွေ - ကိုးစရာ ကိုယ့်အား ရှားပါးနေသူတွေ - အာရောဂျံ ပရမံ လာဘံ နတ္ထိဖြစ်နေသူတွေ - တစ်ကိုယ်ရည်ဖော်မဲ့ ချည့်နဲ့နေသူတွေ ……… ခု ဆယ် ရာ ထောင် သောင်း သိန်း သန်း ကုဋ္ဋေ ။ - ငိုသူကို မျက်ရည်သုတ်ပေး - အမှောင်မိသူကို အလင်းပြပေး - ဆာလောင်သူကို အစာပေး - လဲကျသူကို ထူမတ်ပေး - နာဖျားသူကို ဆေးဝါးပေး - အထီးကျန်သူကို အဖော်ပြုပေး ။ * ကူညီဖေးမ နှလုံးသားတွေလှကြရဲ့။ သို့ပေမယ့် —- သူငယ်ချင်း ရိုးရှင်းစွာ တွေးကြရအောင် ။ * ညောင်ပင်သာ ဦးပုည —– တဲ့ ရှေးကစာဆို က၀ိတစ်ပါးရဲ့ သိထားအပ်တဲ့ ဆုံးမစာ ( မမှီလောက်ဘဲ ၊ မှီခိုတွဲ ၊ ဆင်းရဲရောက်တက်စွာ ) ( မှီခိုလောက်လျက် ၊ ကျိုးမတက် ၊ မဖက်ရှောင်ကြဉ်ခွါ ) ( မမိဘဲဖမ်း ၊ မထိလှမ်း ၊ ပင်ပန်းရုံမျှသာ ) ( မိလျက် ထိလျက် ၊ အကျိုးပျက် ၊ အားတက်မပြုရာ ) ( မိလောက် ထိလောက် ၊ အကျိုးရောက် ၊ တိုးမြှောက်အားတက်ပါ ) ( လောကဓမ္မ ၊ တွေးကြံဆ ၊ နှစ်စခွဲစိတ်ဖြာ ) ( စိတ်ဖြာဝေဖန် ၊ တွေးဆကြံ ၊ အမှန်သိပညာ ) * လာ ——- သူငယ်ချင်း အတ္တ ဖယ်ရှင်း မာန ပယ်ခွင်း အတွင်းကျကျ ၊ စဉ်းစားကြမယ် ။ * မသိခြင်း ချောက်ကမ်းပါး မရှိခြင်း ချောက်ကမ်းပါး ရောက်သွားကြတဲ့ လူသားတွေ ……… * စောင့်ရှောက်ကယ်ဆယ်ခြင်း ကြိုးခွေကိုပစ်ချပေး အားမွေးလို့ ဖေးကူစိတ် ကမ်းပါးထိပ်ကနေ ဆွဲတင်ယူ ̏ တို့လူလေးများ ဆိုသလေ အနိဋ္ဌာရုံကို ဘယ်လိုဖြိုမယ် ( ဒီလိုဖြိုမယ် ) ဣဋ္ဌာရုံကို ဘယ်လိုဖြိုမယ် ( ဒီလိုဖြိုမယ် ) ညီစေနော် ( ညီမယ် ) ˝ ကြွေးကြော် ကြုံးဝါး တို့များအားလုံးရဲ့ သဘာဝပေးတာဝန် ကျေပွန်ကြရမယ် ။ ကောင်းလေစွ —- ကောင်းလေစွပါကွယ် ။ * အင်း —- ကောင်းလေစွ ဆိုပြီး အပေါင်းဝေနေယျကို ကြည့်လိုက်တော့ ပျော့ကွက် ဟာကွက် ဆိုတာ ရှိစမြဲ ၊ ဒုက္ခနဲ့လွန်ဆွဲ နဖူးကွဲ — ဒူးပြဲ အလူးအလဲ ပြန်ထရပ် ဒီသံသရာ ချားရဟက် တရစပ် လည်ပတ် နေဆဲပါလား ။ * ညောင်ပင်သာဦးပုညရဲ့ စာကိုပြန်ကြည့်စမ်း ( မမိဘဲဖမ်း ၊ မထိလှမ်း ၊ ပင်ပန်းရုံမျှသာ ) ( မိလျက် ထိလျက် ၊ အကျိုးပျက် ၊ အားတက်မပြုရာ ) ( မိလောက် ထိလောက် ၊ အကျိုးရောက် ၊ တိုးမြှောက်အားတက်ပါ ) တဲ့ ။ * အမိုးအကာနဲ့ ပြည့်စုံ လုံခြုံစိတ်ချရတဲ့ ရှင်သန်မှု ၊ သဘာဝဒဏ် ၊ လာသမျှရန်တွေ အတွက် အာမခံချက်ရှိတဲ့ ရှင်သန်မှု ၊ အနိဋ္ဌာရုံ အစုစုတွေ ကင်းစင်ဖို့ ကြိုတင် တားဆီး ဖြစ်ပြီးမှ ကုစားတာမဟုတ် ‘ မလဲခင်ကတည်းက ထိန်းမတ် ’ ‘ မငတ်ခင်ကတည်းက အစာရှာ’ ‘ မနာခင်ကတည်းက အားမွေး ’ ‘ မဝေးခင်ကတည်းက အဖော်ပြု ’ လူမှု ဒုက္ခတွေ ဝေလာဝေး နီထွေးရဲရင့်တဲ့ နှလုံးသားတွေနဲ့ သန်မာကျစ်လျစ် ပခုံးအားတွေနဲ့ ဟောဒီလို ကြုံးဝါး ကြွေးကြော်ကြမယ် ။ * အကြင်အရပ် ၊ ထိုအရပ်၌ ငါတို့တိုင်းပြည် ၊ တို့တိုင်းပြည်သည် ငါတို့နိုင်ငံ ၊ တို့နိုင်ငံသည် ( အို ) ငါတို့ မိခင် ၊ တို့ မိခင်သည် ရွှင်မြူးနှစ်ခြိုက် သိုက်မြိုက် ခမ်းနား အားသစ်များနှင့် နိုးကြားပါစေ ကုန်သတည်း ။ နိုးကြားပါစေ ကုန်သတည်း ။ နိုးကြားပါစေ ကုန်သတည်း။ ။ ချစ်ဦးညို ၂၀၁၂ မေ ၂၈ (ဆရာချစ်ဦးညိုသည် “နိုးကြားပါစေကုန်သတည်း” ကဗျာကို ဇွန်လ ၁ ရက်နေ့၊ ၂၀၁၂ ခုနှစ်တွင် ကျင်းပသော National Forum For Social Protection ပွဲ၌ ရွတ်ဆိုခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါပွဲသည် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် လက်ရှိရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲရန် လိုအပ်သည်များကို မီးမောင်းထိုးပြကာ ပြည့်စုံကောင်းမွန်၍ သာတူညီမျှသော လူ့ဘောင်ဖြစ်ပေါ်လာရေးအတွက် ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းအသီးသီး၊ နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာနယ်ပယ်နှင့် စာနယ်ဇင်းအလွှာအသီးသီးမှ ပုဂ္ဂိုလ်များအား ဖိတ်ခေါ်၍ ဆွေးနွေးသည့် ပွဲဖြစ်ပါသည်။)

သဒ္ဒါနှင့် ပတ်သက်၍ အများဆုံး မှားယွင်းလေ့ရှိသော အယူအဆ ၁၀ခု (Top Ten Grammar Myths)

၁။ ၀ါကျ ၂ကြောင်းခွဲသင့်လျက် မခွဲဘဲ တစ်ကြောင်းတည်းပူးရေးထားသော ၀ါကျပူးဆိုသည်မှာ ၀ါကျရှည်ဖြစ်သည်ဟု ထင်တတ်ပါသည်။ မဟုတ်ပါ။ ၀ါကျတိုသော်လည်း ၀ါကျပူး ဖြစ်နိုင်ပါသည်။ ၀ါကျပူး တစ်ကြောင်းတွင် စာကြောင်းအစိတ်အပိုင်းများကို ပုဒ်ဖြတ် ပုဒ်မ မသုံးဘဲ သို့မဟုတ် စကားဆက် မပါဘဲ ပူးတွဲ၍ ရေးထားခြင်း ဖြစ်ပါသည်။ “I am short he is tall” (ကျွန်တော်အရပ်ပု သူအရပ်ရှည်သည်) ဟု ရေးလျှင် စကားလုံး ၆လုံးမျှသာ ရှိသော်လည်း သီးခြားရပ်တည်နိုင်သော ၀ါကျ အစိတ်အပိုင်းများအကြား semicolon, colon သို့မဟုတ် dash မပါသဖြင့် ၀ါကျပူးပင် ဖြစ်ပါသည်။ ၂။ ၀ါကျကို “however” “သို့သော်” ဖြင့် စတင်၍ မရေးသင့် ဆိုသည်မှာ မမှန်ပါ။ သို့သော်ဟု ဆိုလိုပါက ၀ါကျကို “however” ဖြင့် စတင်နိုင်ပါသည်။ “however” ပြီးနောက် ကော်မာ ပါရှိရန်သာ လိုပါသည်။ ၃။ “Irregardless” သည် စကားလုံးမဟုတ်ဆိုသည်မှာ မှားပါသည်။ “Irregardless” သည် ကောင်းမွန်သော စကားလုံး မဟုတ်ပါ။ မသုံးပါ။ သို့သော် စကားလုံး တစ်လုံး အမှန်ပင် ဖြစ်ပါသည်။ “Floogetyflop” သည် စကားလုံး မဟုတ်ပါ။ စာရေးသူ ယခုပင် ပေါင်းစပ်ဖော်ထုတ်လိုက်ခြင်း ဖြစ်ပါသည်။ မည်သည့်အဓိပ္ပာယ် ရှိမည်ကို မည်သူမျှ သိမည်မဟုတ်ပါ။ သို့ရာတွင် “Irregardless” သည် အဘိဓာန်တိုင်း လိုလိုတွင် ပါရှိပြီး စံသတ်မှတ်ထားသော အင်္ဂလိပ်ဘာသာဝေါဟာရ မဟုတ်ဟု ဖော်ပြထားပါသည်။ အခြားသူများက သင့်ကို အလေးအနက် သဘောထားစေလိုလျှင် ယင်းစာလုံးကို မသုံးသင့်ပါ။ သို့ရာတွင် အသုံးပြုမှု အတော်အတန် ကျယ်ပြန့်သောကြောင့် စကားလုံးအနေဖြင့် သတ်မှတ်နိုင်ပါသည်။ ၄။ “s” နှင့် ဆုံးသော စကားလုံးတစ်လုံး၏ ပိုင်ဆိုင်မှုပြ possessive form ပုံစံကို နည်းလမ်း တစ်မျိုးတည်း ဖြင့်သာ ရေးသားနိုင်သည်ဟု ယူဆခြင်းမှာ မမှန်ပါ။ နှစ်သက်ရာ အသုံးအနှုန်းကို ရွေးချယ် သုံးနှုန်း နိုင်ပါသည်။ ဥပမာ “Kansas's statute” ကင်းဆပ်ပြည်နယ်၏ ဥပဒေဆိုရာ၌ Kansas' သို့မဟုတ် Kansas's နှစ်သက်သလို ရေးသားနိုင်ပါသည်။ ၂မျိုးစလုံးကို လက်ခံနိုင်ပါသည်။ ၅။ Passive voice ကို အမြဲတစေ ရှောင်ရှားသင့်သည်ဟု ယူဆခြင်းမှာ မှားယွင်းပါသည်။ ပြုလုပ်သူကို မဖော်ပြလိုသည့်အခါ Passive voice ကို သုံးရပါသည်။ ဥပမာ မည်သူ မှားသည်ကို မဖော်ပြဘဲ အမှားအယွင်းများ ရှိခဲ့ကြောင်းကိုသာ ဖော်ပြလိုပါက "Mistakes were made." ဟု ဆိုနိုင်ပါသည်။ ပြုလုပ်သူကို မသိပါကလည်း Passive voice ကို ရွေးချယ်ခြင်းသာ အကောင်းဆုံး ဖြစ်ပါသည်။ ၆။ “e.g.” နှင့် “i.e.” ကို အဓိပ္ပာယ်တူတူထား၍ သုံးခြင်းမှာ မှားယွင်းပါသည်။ “e.g.” သည် ဥပမာဟု အဓိပ္ပာယ် ရပါသည်။ “i.e.” သည် တစ်နည်းအားဖြင့်ဟု အဓိပ္ပာယ် ရပါသည်။ အပြည့်အစုံ မဟုတ်သော ဥပမာ အချို့ကို စာရင်းပြုလုပ်ဖော်ပြလိုပါက “e.g.” ကို အသုံးပြုပြီး ရှင်းလင်းဖော်ပြချက် အပြည့်အစုံ ကို ဖော်ပြရန် သို့မဟုတ် စာရင်းပြုလုပ်ရေးသားရန် “i.e.” ကို အသုံးပြုရပါသည်။ ၇။ ဗျည်းနှင့်စသော စကားလုံးများရှေ့တွင် “a” ကို သုံးနိုင်ပြီး သရနှင့် စသော စကားလုံးများရှေ့တွင် “an” ကို သုံးနိုင်သည် ဆိုခြင်းမှာ မဟုတ်ပါ။ ဗျည်းသံနှင့်စသော စကားလုံးများရှေ့တွင် “a” ကို သုံးနိုင်ပြီး သရသံနှင့် စသော စကားလုံးများရှေ့တွင် “an” ကို သုံးနိုင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် has a MBA ဟု မသုံးရပါ။ has an MBA ဟု သုံးရပါသည်။ “MBA”သည် အက္ခရာအားဖြင့် ဗျည်းဖြစ်သော “m” နှင့် စ သော်လည်း အသံအားဖြင့် သရသံ “e” နှင့် စ ပါသည်။ ၈။ "How are you?" ဟူသော မေးခွန်းကို "I'm good." ဟု ဖြေကြားပါက မှားယွင်းသည်ဟု ယူဆခြင်း သည် မမှန်ပါ။ “am” သည် ချိတ်ဆက်သော ကြိယာဖြစ်ပြီး ၎င်း၏နောက်တွင် “good” ကဲ့သို့သော နာမ၀ိသေသန လိုက်နိုင်ပါသည်။ “well” သည်လည်း နာမ၀ိသေသန ဖြစ်နိုင်ခြင်းကြောင့် "I'm well." ဟု ဖြေကြားနိုင်ပါသည်။ သို့ရာတွင် သဒ္ဒါပညာရှင် အချို့က အထွေထွေအခြေအနေကို ဖော်ပြရန် "I'm well" ကို မသုံးသင့်ဘဲ ကျန်းမာရေးအကြောင်း ပြောကြားရန်သာ အသုံးပြုသင့်သည်ဟု ယူဆကြပါသည်။ ၉။ to နှင့် ၎င်းနောက်မှ ကြိယာအကြားတွင် အခြားစကားလုံးများ မရှိစေသင့်ဟု ယူဆခြင်းမှာ မှားယွင်းပါသည်။ သဒ္ဒါပညာရှင်အားလုံးနီးပါးက to နှင့် ၎င်းနောက်မှ ကြိယာအကြားတွင် အခြား စကားလုံးများ ထည့်သွင်းအသုံးပြုနိုင်သည်ဟု ရဲဝံ့စွာ ဆိုကြမည်သာ ဖြစ်ပါသည်။ to နှင့် ၎င်းနောက်မှ ကြိယာ ၂လုံးပေါင်းကို infinitive ဟု ခေါ်ပါသည်။ ဥပမာ "to tell" ဖြစ်ပါသည်။ infinitive တွင် ပါဝင်သည့် စာလုံး ၂လုံးအကြားတွင် အခြားစာလုံး ရှိနေခြင်းကို split infinitive ဟု ခေါ်ပါသည်။ "To boldly tell" ဟု ဆိုလျှင် “to” နှင့် “tell” အကြား “boldly” ရှိနေသဖြင့် split infinitive ဖြစ်ပါသည်။ ၁ဝ။ ၀ါကျကို preposition ဖြင့် မဆုံးစေသင့်ဟု ယူဆခြင်းမှာ မှားယွင်းပါသည်။ ၀ါကျအဆုံးတွင် preposition မလိုဘဲ ထည့်သုံးခြင်းမှာမူ မသင့်တော်ပါ။ ဥပမာ "Where are you?" (ဘယ်မှာလဲ) ဟု မေးမည့်အစား "Where are you at?" ဟု မေးခြင်းသည် မှားယွင်းပါသည်။ ၀ါကျအများအပြားမှာ phrasal verb ၏ တစ်စိတ်တစ်ဒေသ အဖြစ်လည်းကောင်း၊ သဘာဝမကျသော ၀ါကျများ မဖြစ်စေရန်လည်းကောင်း preposition ဖြင့် အဆုံးသတ်ရပါသည်။ ဥပမာ “I'm going to throw up.” အံချင်တယ် ၊ “Let's kiss and make up.” အနမ်းနဲ့ ပြန်သင့်မြတ်လိုက်ကြရအောင်၊ “What are you waiting for?”ဘာကို စောင့်နေတာလဲ တို့ဖြစ်ပါသည်။

အင်္ဂလိပ်စကားပြောစတင်လေ့လာမယ့်သူတွေအတွက် ဘာတွေလိုအပ်မလဲ..????

အင်္ဂလိပ်စကားပြောစတင်လေ့လာမယ့်သူတွေအတွက် ဘာတွေလိုအပ်မလဲဆိုတာကို ကျနော်လေ့လာခဲ့ တဲ့အတိုင်း ပြောပြချင်တာပါ…. Dictionary က သေးသေးလေးရယ် သိပ်စုံမှာလည်းမဟုတ်ဘူး…..အကြီးဝယ်မယ်ဆိုပြီးတော့ စိတ်ကူး မိသလား??? စာအုပ်ကြီးမှ စကားလုံးက စုံတာတို့… Update ဖြစ်တာတို့ကအရေးမကြီးပါဘူး …. Pocket Dictionary (အိပ်ဆောင်အဘိဓါန်)လောက်ဆို စတင်လေ့လာဖို့လုံလောက်ပါပြီ…) ဒါပေမဲ့ ….. အိပ်ဆောင် အဘိဓါန်ကို (၃)အုပ် ထားစေချင်ပါတယ်…ဘာတွေလဲဆိုတော့ … (၁) မြန်မာ-အင်္ဂလိပ် (အိပ်ဆောင်အဘိဓါန်) … မိခင်ဘာသာစကားကနေ Second Language ကို စတင်လေ့လာရာမှာအများအားဖြင့် မြန်မာလိုပဲတွေးပြီးမှ စကားလုံးရှာရမှာကို)…ဒါကြောင့် မြန်မာအင်္ဂလိပ်အိပ်ဆောင်အဘိဓါန်ကို သွားလေရာဆောင်ထားစေချင်ပါတယ်။ (၂) အင်္ဂလိပ်-မြန်မာ (အိပ်ဆောင်အဘိဓါန်)….. အင်္ဂလိပ်တော့ စကားလုံးသိပါပြီတဲ့ဗျာ မြန်မာလိုမသိသေးရင် ရှာလို့လွယ်အောင် အင်္ဂလိပ်-မြန်မာ ကိုဆောင်ထားစေချင်ပါသေးတယ်။ (၃) အင်္ဂလိပ်- အင်္ဂလိပ် (အိပ်ဆောင်အဘိဓါန်)…. ဒါကတော့ နောက်ဆုံးအနေနဲ့ စကားလုံးတစ်လုံးရလာရင် အင်္ဂလိပ်လိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုထားလဲ.. ဘယ်လိုအသုံးပြုလဲ …ဆိုတာကို အင်္ဂလိပ်လို စဉ်းစားတတ်လာအောင်နဲ့ စကားလုံးတစ်လုံးကို ၀ါကျလေးတွေနဲ့ ဖော်ပြရှင်းပြထားတဲ့စာအုပ်မျိုးကို ဆောင်ထားစေချင်ပါတယ် ကျနော်ကတော့ Long Man (Pocket Dictionary) ကိုညွှန်းဆိုချင်ပါတယ်……… ဒါဆိုဘယ်နေရာသွားသွား/ ရောက်ရောက် ကိုယ်မသိတဲ့စကားလုံးတွေကို သိလာအောင် စွမ်းဆောင်ပေးနိုင် ပါလိမ့်မယ်….. xxxxxxxxxxxxxxxxxxxxxxxxxxxxx နောက်တစ်ခုက…………… ဈေးနှုန်းချိုသာ တဲ့ Audio Player တွေဖြစ်တဲ့ Mp3, MP4. JXD တို့မျိုးကို မိမိမှာရှိတဲ့ပိုက်ဆံလေးနဲ့ ၀ယ်ထားစေချင်ပါတယ်….. ဘာဖြစ်လို့လဲဆိုတော့ Listening(နားထောင်စွမ်းရည်) ပိုင်းကို လေ့ကျင့်ဖို့ပါ… အိမ်မှာတော့ DVD Player /EVD Player တို့ကရှိပါရဲ့….မိသားစုနဲ့ဆိုတော့. လေ့လာရာမှာ အဆင်မပြေ လောက်ဘူးလို့ထင်လို့ပါ…. ကိုယ်ပိုင် Mp3 လေးရှိထားတော့ ဘယ်နေရာသွားသွား နားကျပ်လေးနဲ့ နားထောင်လိုက်တော့ ဘယ်သူမှအနှောင့်အယှက်မဖြစ်တော့ဘူးပေါ့…….. အဲ့ဒီမှာ မိမိလေ့လာမယ့် ဘာသာစကားရဲ့ စကားပြောအခွေ၊ (သို့) Short Stories (သို့) English Song တွေကို ထည့်သွင်းထားပါ………. အခွေဆိုရင်လည်း အခွေနဲ့ပတ်သက်တဲ့စာအုပ်နဲ့တွဲပြီးလေ့လာပါ…….. သီချင်းဆိုရင်လည်း သီချင်းရဲ့ Lyrics တွေကို အွန်လိုင်းမှာ ဒေါင်းလော့ဆွဲလို့ရပါတယ်… Short stories, တွေဆိုလည်း အွန်လိုင်းမှာ Mp3 နဲ့အတူဒေါင်းလော့ဆွဲပြိး ရယူနိုင်ပါတယ်………….. အားလပ်ချိန်ရတိုင်းနားထောင်စေချင်ပါတယ်…. ဘာကြောင့်လဲဆိုတော့ အကြောင်းအရင်းရှိပါတယ်……. ကလေးတွေစကားမပြောတတ်ခင်က မိခင်၊ဖခင်တို့ရဲ့အသံ၊ ပတ်ဝန်းကျင်ကပြောလာတဲ့အသံကို အရင်ကြားရ ပါမယ်…ဒါကိုကလေးက မှတ်သားလာပါတယ်. နည်းနည်းကြီးလာတော့ မိခင်က တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောပြ လာတော့ ကလေးက လိုက်ပြီးအသံထွက်ပါတယ်။။။.ဒါနဲ့ပဲ နားရည်ဝလာပြိး ပြောတတ်လာပါတယ်… ပြောတတ်လာတာပဲရှိသေးတယ်။။ မရေးတတ်သေးပါဘူး ဒါကြောင့် (၁) Listening (၂) Speaking (၃) Reading (၄) Writing လို့ပြောရမလားပဲ ……….ကျနော်တို့က စပြိး နားထောင်မယ်… နောက်တော့ ပြောကြည့်မယ်.. ဆက်ပြီးတော့ ဖတ်မှတ်ပြီးမှ ရေးကြမလားလို့တောင်ပြောရပါမယ်. ပြိးတော့ အင်္ဂလိပ်စကားပြော စတင်လေ့လာတော့မယ်ဆိုရင် အလွယ်ဆုံးက စလေ့လာပါ… အခက်ကြီးတွေ မတွေးပါနဲ့…မိမိနဲ့ မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အဆောင်အရောင်ပစ္စည်းတွေကအစ လေ့လာမှတ်သားပါ… ကလေးတစ်ယောက်လို စပ်စုပါ…. အမေးအမြန်းထူပါ….. ပြီးမှ ဘယ်လိုအသုံးချရမလဲဆိုတာကို အဖြေရှာပါ.. စကားမစပ်ဗျာ.......... ကျနော်အပြင်မှာခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်… သူက ရုရှား စကားပြောနိုင်တယ်… ဥပမာပြောရရင်…. Congratulation! လို့ပြောတာကို သူပြောနိုင်တယ်ဆိုပါတော့ ဒါပေမဲ့ စာလုံးမပေါင်းတတ်ဘူး… (နောက်မှသိခဲ့ရတာက ………သူလုပ်ကိုင်နေတဲ့ ပတ်ဝန်းကျင်က ရုရှားအသိုင်းအ၀န်းမှာလုပ်ရတာ….ဆိုတော့ အသံကြားပါများလာတော့ ပြောတတ်လာပေမဲ့ အရေးပိုင်းကမလိုက်နိုင်တော့ဘူး။ … မြန်မာတွေအင်္ဂလိပ်စကားပြောနိုင်ပြီး မရေးနိုင်တာတွေလည်းရှိပါတယ်) ဒီအတွက်ကြောင့် စကားပြောဖို့အတွက် ဦးစားပေးသလို…..ပြောသမျှစကားကိုလည်း ရေးတတ်အောင် လုပ်တတ်ဖို့ အတွက်လည်း သေချာ လေ့လာမှတ်သားစေချင်ပါတယ်… Do not study grammar ပါတဲ့။ ဒီလိုပြောလို့ အံအားသင့်သွားနိုင်သလား။ သဒ္ဒါတတ် မှ စာတတ်မယ်။ သဒ္ဒါမတတ်ရင် စာမတတ်ဘူးဆိုတဲ့ စကားကလည်းရှိတာကိုး။ စာမေးပွဲအောင်ချင်ရင် (သို့) အမှတ်ကောင်းချင်ရင်၊ အင်္ဂလိပ်စာအရေးအသားကောင်းချင်ရင် သဒ္ဒါ( Grammer) ကိုလေ့လာပါ။ အဲ့………..ဒါပေမဲ့ အင်္ဂလိပ်သွက်သွက်လက်လက်နဲ့ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်ရင် သဒ္ဒါကိုအလေးပေး တာထက် အသုံးအနှုန်းကို ပိုပြီးလေ့လာသင့်ပါတယ်။ အပြောအင်္ဂလိပ်စကားမှာ သဒ္ဒါစည်းမျဉ်းတွေ တွေးပြီး ၀ါကျဖွဲ့ပြောနေရင် ဖြောင့်ဖြောင့်ဖြူးဖြူးပြောနိုင်တော့မှာမဟုတ်ဘူး နှေးကွေးသွားလိမ့်မယ့်။ မိမိပြောမဲ့စကားမှာ အဟန့်အတားဖြစ်နေပါလိမ့်မယ်။ ဒီတော့ မှားမှားမှန်မှန် ပြောရဲတဲ့သတ္တိကိုမွေးပါ။ ဒါဟာ ပထမလိုအပ်ချက်ပါ။ အင်္ဂလိပ်လိုပြောနေတဲ့ ဒေသခံအင်္ဂလိပ်အစစ်လူမျိုးအစစ်တွေတောင်မှ သူတို့ပြောတဲ့ အပြောအင်္ဂလိပ်စကား မှာ အမှားတွေ ပါတတ်ကြတာပါပဲ။ အင်္ဂလိပ်လူမျိုးအစစ်တွေဟာ အင်္ဂလိပ်သဒ္ဒါကို ပြည်ပက နိုင်ငံခြားသား တွေလောက် မသိကြဘူး။ ပြည်ပက နိုင်ငံခြားသားတွေက သူတို့ထက်ပိုသိတယ်။ ဒါပေမဲ့ အင်္ဂလိပ်လူမျိုးတွေ လောက် စကားမပြောတတ်ကြဘူး။ ကျနော်တို့ မြန်မာလူမျိုးတွေကော??? ။ စကားပြောရင် မြန်မာသဒ္ဒါကို ထည့်စဉ်းစားပြီး ပြောဖူးလားလို့ တွေးမိဘူးလားမသိဘူး။။ ဘယ်ဟာက ကြိယာ၊ နာမ၀ိသေသန၊ ကြိယာဝိသေသန ဆိုပြီးတော့ပေါ့။ အဲ့ဒီ ဥပမာကိုကြည့်ရင် ဆိုလိုတဲ့အချက်ကိုသဘောပေါက်လောက်ပါပြီ Learn and study phrases ပါ။ အင်္ဂလိပ်စကားလုံးကို တစ်လုံးချင်းကျက်တာထက် စကားလုံးအတွဲလိုက်၊ စကားစုအလိုက် ကျက်မှတ်လေ့လာတာက ပိုကောင်းပါတယ်။ ။ စကားလုံးအတွဲလိုက်၊ စကားစုလိုက် ကျက်မှတ်ထားတယ်ဆိုရင် သဒ္ဒါစည်းမျဉ်းစဉ်းစားစရာမလိုတော့ဘဲ သူ့ဘာသာသူ အလိုအလျောက် ပြောနိုင်ပါလိမ့်မယ်။ ခင်မင်စွာဖြင့်